၁ အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမတော်ကို မြေကြီးတပြင်လုံး၌အလွန် ကြီးမြတ်တော် မူ၏၊၊ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏၊၊
၂ ကိုယ်တော်၏ ရန်သူတို့ကို ရည်ဆောင်၍ ရန်သူကို၎င်း၊ အငြိုးထားသောသူကို၎င်း၊ တိတ်ဆိတ်စွာနေစေခြင်းငှါ၊ နို့စို့သူငယ်တို့၏ နှုတ်ထဲမှာ အစွမ်းသတ္တိကို စီရင်တော်မူ၏၊၊
၃ လက်ညိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုဃ်းကောင်းကင်ကို၎င်း၊ ပြင်ဆင်တော်မူ သောလနှင့် ကြယ်များကို၎င်း၊ အကျွန်ုပ်ဆင်ခြင်သော်၊
၎ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူသနည်း၊၊ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ၊၊
၅ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။
၆ ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍
၇ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊
၈ ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌ သွားတတ်သော တိရစ္ဆာန်မှစ၍ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ၊၊
၉ အိုအကျွန်ုပ်တို့၏ ဘုရားရှင် ထာဝရဘုရား ကိုယ်တော်၏ နာမသည် မြေကြီးတပြင်လုံး၌ အလွန် ကြီးမြတ်တော်မူသ နည်း၊၊