Sunday, April 8, 2018

ဆာလံကျမ်း အခန်းကြီး ၉

၁ အို ထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ အံ့ဘွယ်သောအမှု တော်ရှိသမျှတို့ကို ပြညွှန်ပါမည်၊၊
၂ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်၊၊ နာမတော်ကို ထောမနာ သီချင်းဆိုပါမည်၊ အမြင့်ဆုံးသောဘုရား။
၃ အကြောင်းမူကား အကျွန်ုပ်၏ ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏၊၊ ရှေ့တော်၌ ပျက်စီးကြပါ၏။
၎ ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ၊၊  ပလ္လင်တော်ပေါ်မှာ ထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ၊၊
၅ တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ၊၊ ဆိုးသောသူတို့ကို ဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက်ချေဖျောက်တော်မူပြီ၊၊
၆ ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ၊၊ မြို့တို့ကို ဖြိုဖျက်တော်မူ၍ သူတို့အမှတ်မျှ မရှိပျောက်ပါပြီ၊၊
၇ ထာဝရဘုရားမူကား ကာလအစဉ် အဆက်တည်တော်မူ၏၊၊
၈ တရားပလ္လင်တော်ကို ပြင်ဆင်၍ မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏၊၊ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏၊၊
၉ ထာဝရဘုရားသည် ညှင်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ ဘေးအန္တရယ် ရောက်သည် ကာလ ခိုလှုံရာ ဖြစ်တော်မူ၏၊၊
၁၀ နာမတော်ကို သိသောသူတို့ သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့် မည်၊၊ အကြောင်းမူကား အိုထာဝရဘုရားကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော် မမူတတ်ပါ၊၊
၁၁ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့၊၊ အမူတော်များကို လူမျိုးတို့အား ဟောပြောကြလော့၊၊
၁၂ လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍ အသေခံရသော သူတို့ကို အောက်မေ့တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့၏ အော်ဟစ်ခြင်းအသံကို မေ့လျော့တော် မမူတတ်ပါ၊၊
၁၃ အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ၊၊ အကျွန်ုပ်ကိုမုန်းသောသူတို့၏ ည‡င်းဆဲခြင်း အမှုကို ကြည့်ရှု၍ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၄ သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန်မြို့ တံခါးဝမှာ အကျွန်ုပ် ပြညွှန်ပါမည်၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်၊၊
၁၅ တပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏၊၊ ကိုယ်ဝှက်သော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏၊၊
၁၆ ထာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှားတော်မူ၏၊ မတရားသောသူသည် မိမိလုပ်သောအလုပ်ထဲမှာ ကျော့မိခြင်းကို ခံရ၏၊၊
၁၇ မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်၊၊
၁၈ ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော်မမူ၊၊ ဆင်းရဲသော သူတို့ကို မြော်လင့်၍ မရဘဲ အစဉ်မနေရကြ၊၊
၁၉ အိုထာဝရဘုရား၊ ထတော်မူပါ၊၊ လူမနိုင်ပါစေနှင့်၊၊ တပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်း ကို ခံရကြပါစေသော၊၊
၂၀ အိုထာဝရဘုရား သူတို့ကို ချောက်လှန့်တော်မူပါ၊၊ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ် သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်