၁-၃ မတရားသော သူတို့သည်သဘောဖြောင့်သောသူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကိုတင်၍ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ၏၊၊ အမှီတကဲတို့သည် ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည် ဌက်ကဲ့သို့ကိုယ်နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏၊၊
၎ ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏၊၊ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏၊၊ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ ကို စစ်တော်မူ၏၊၊
၅ ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏၊၊ မတရားသောသူနှင့် လုယူဖျက်ဆီး လိုသောသူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏။
၆ မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲကန့်နှင့် ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍ သူတို့သောက်စရာဘို့ စီရင်တော်မူမည်၊၊
၇ တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည် တရားသောအမှုကို နှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။