၂ မတရားသော သူသည် မာနစိတ်ရှိ၍ ဆင်းရဲ သောသူကို ညှင်းဆဲတတ်ပါ၏၊၊ မိမိပြုသော ပရိယာယ်အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ၏၊
၃ မတရားသော သူသည် မိမိစိတ်အလို၌ ဝါကြွားတတ်ပါ၏၊၊ လောဘကြီးသောသူသည် ထာဝရဘုရားကိုပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏၊၊
၎ မတရားသောသူသည် မာနထောင်လွှားသောကြောင့် မစဉ်းစားတတ်ပါ၊၊ ဘုရားသခင်မရှိဟု အစဉ်အောက်မေ့တတ် ပါ၏၊၊
၅ အစဉ်ခိုင်မာစွာကျင့်ကြံပြုမူတတ် ပါ၏၊၊ တရားစီရင်တော်မူချက်တို့သည်သူနှင့် ဝေးမြင့်သည်ဖြစ်၍ ခပ်သိမ်းသော ရန်သူတို့ကို မထီမဲ့မြင် ပြုတတ်ပါ၏၊
၆ ငါသည် အစဉ်မရွေ့ရ၊ ဆင်းရဲခြင်းသို့ မရောက်ရဟု အောက်မေ့တတ်ပါ၏၊၊
၇ သူ၏ နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏၊၊ လျှာအောက်မှာ မကောင်းသောအကြံနှင့် မတရားသော အမှုရှိပါ၏၊၊
၈ ရွာအနားတွင် ပုန်းနေရာ အရပ်မှာထိုင်၍ အပြစ်မရှိသောသူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ်ပါ၏၊၊ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏၊
၉ ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍ နေတတ်ပါ၏၊ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ်၍ နေပါ၏၊၊ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ၍ ဘမ်းဆီးတတ်ပါ၏၊၊
၁၀ ထိုသို့ ညှင်းဆဲနှိပ်စက်ခြင်းကို ခံရ၍ ဆင်းရဲသောသူအပေါင်း တို့သည် သူ၏ လက်သို့ ကျရောက်တတ်ကြပါ၏၊၊
၁၁ ထိုသူက ဘုရားသခင်သည် မေ့လျော့တော်မူ၏၊၊ မျက်နှာကို လွှဲတော်မူ၏၊၊ မြင်တော်မမူဟု အောက်မေ့တတ်ပါ၏၊၊
၁၂ အို ထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသော သူတို့ကို မေ့လျော့တော်မမူပါနှင့်။
၁၃ မတရားသောသူသည် ဘုရားသခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့်အောက်မေ့ရပါအံ့နည်း။
၁၄ သို့သော်လည်း ကိုယ်တော်သည် မြင်တော်မူပြီ၊၊ အကြောင်းမူကား ပင်ပန်းစေခြင်းနှင့် နှောင့်ယှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှု တော်မူတတ်ပါ၏၊၊ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်ပါ၏၊၊ ကိုယ်တော်သည် မိဘမရှိသောသူ၏ ခိုလှုံရာဖြစ်တော်မူ၏၊၊
၁၅ မတရားသဖြင့် ပြု၍ ဆိုးသော သူ၏ လက်ရုံးကို ချိုးတော်မူပါ၊၊ သူပြုသော အဓမ္မအမှုကို အကုန်အစင်စစ်တော်မူပါ၊၊
၁၆ ထာဝရဘုရားသည်ကာလ အစဉ်အမြဲတည်သော ရှင်ဘုရင်ဖြစ်တော်မူ၍ တပါးအမျိုးသားတို့သည် နိုင်ငံ တော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည်၊၊
၁၇ ထိုထာဝရဘုရား ကိုယ်တော်သည် နှိမ့်ချလျက်ရှိသော သူတို့၏ တောင့် တခြင်း၊ အသံကို ကြားတော်မူ၏၊၊ သူတို့၏ စိတ်နှလုံးကို တည်ကြည်စေတော်မူသည်။
၁၈ ဆင်းရဲသားကို သူ၏ မြေမှတ ဖန်မနှင်ထုတ်မည် အကြောင်း၊ မိဘမရှိသောသူနှင့် ညှင်းဆဲခံရသောသူတို့ကို တရားပေးခြင်းငှါနားတော်ကို ဖွင့်တော်မူ၏။