၁ အကျွန်ုပ်ကို ဖြောင့်မတ်စေတော်မူသော ဘုရား အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည် ဆင်းရဲစဉ်တွင် ကိုယ်တော်သည်ချမ်းသာပေးတော်မူပါပြီ၊၊ ယခုလည်း သနား၍ အကျွန်ုပ်၏ ပဌာနာစကားကို နားထောင်တော်မူပါ။
၂ အချင်းလူသားတို့ အဘယ်မျှကာလပတ်လုံး ငါ၏ ဘုန်းကိုရှုတ်ချကြမည်နည်း။ အဘယ်မျှကာလပတ်လုံး အနတ္တကို နှစ်သက်၍ မုသာကို လိုက်ရှာကြမည်နည်း၊၊
၃ ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထားတော်မူသည် ကို သိမှတ်ကြလော့၊၊ ငါခေါ်၍ လျှောက်သောအခါ ထာဝရဘုရားသည် နားထောင်တော်မူလိမ့်မည်၊၊
၎ ကြောက်ရွံ့တုန် လှုပ်၍ ဒုစရိုက်အပြစ်ကို ရှောင်ကြလော့။ အိပ်ရာပေါ်မှာ စိတ်နှလုံးနှင့် ဆွေးနွေးစဉ်းစား၍ တိတ်ဆိတ်ခြင်း ရှိကြလော့။
၅ တရားသဖြင့် ယဇ်ပူဇော်၍ ထာဝရဘုရားကို ကိုးစားကြလော့။
၆ ကောင်းမွန် သောအရာကို ငါတို့အားဘယ်သူ ပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည်ဖြစ်၍ အိုထာဝရဘုရား မျက်နှာတော်အလင်းကို အကျွန်ုပ်တို့ အပေါ် မှာ ပေါ်ထွန်းစေတော်မူပါ။
၇ သူတို့၌ ဆန်စပါး စပျစ်ရည်ပေါများ၍ သူတို့ဝမ်း မြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်းမြောက်စေတော်မူ၏။
၈ ငြိမ်ဝပ်စွာ အိပ်၍ ပျော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် လုံခြုံစွာ နေရသောအခွင့်ကို ကိုယ်တော်အရှင် ထာဝရဘုရား သာလျှင် အခွင့်ပေးတော်မူ၏။