Sunday, April 8, 2018

ဆာလံကျမ်း အခန်းကြီး ၃

၁ ဒါဝိဒ်သည် သားတော် အာဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသော ဆာလံ။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့သည် အလွန်တိုးပွား၍ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏၊၊
၂ သူသည် ဘုရားသခင်ကို အမှီပြု၍ ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသူအများရှိကြပါ၏။
၃ သို့သော်လည်း အိုထာဝရဘုရားကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ်၏ ဘုန်းလည်းဖြစ်တော်မူ၏၊၊  အကျွန်ုပ်၏ ဦးခေါင်းကို ချီကြွသော သူလည်း ဖြစ်တော်မူ၏၊၊
၎ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏၊၊
၅ ထာဝရဘုရားသည် ငါ့ကို မစတော်မူသောကြောင့် ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏၊၊
၆ ငါ့ကို ရန်ဘက်ပြု၍ ဝန်းရံသောသူအထောင်အသောင်းကို ငါမကြောက်ဘဲနေမည်၊၊
၇ ထိုထာဝရဘုရားထတော်မူပါ၊၊ အကျွန်ုပ်၏ ဘုရားသခင် အကျွန်ုပ်ကို ကယ်မတော်မူပါ၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍ မတရားသောသူတို့၏ သွားကိုချိုးတော်မူ၏၊၊
၈ ထာဝရဘုရား၏ ကျေးဇူးတော် ကြောင့် ချမ်းသာရပါ၏၊၊ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏လူစုအပေါ်သို့ သက်ရောက်ပါစေ သော၊၊