Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၀၇
 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်း ကြလော့။
 ရန်သူ၏လက်မှ ထာဝရဘုရားနှုတ်၍ အရှေ့အနောက်တောင် မြောက် အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော
 ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ။
 သူတို့သည် တောတွင် လူဆိတ်ညံရာ အရပ်၌လည်၍၊ နေစရာမြို့ သို့ရောက်သောလမ်းကို မတွေ့ကြ။
 ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။
 ဆင်းရဲခံရသော အခါ ထာဝရဘုရားကို အော်ဟစ် ၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူပါ။
 သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှာ၊ ဖြောင့်သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။
 လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
 အကြောင်းမူကား၊ တောင့်တသောဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သောဝိညာဉ်ကိုလည်း၊ကောင်း သောအရာနှင့် ဝစေတော်မူ၏။
၁၀ ထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊
၁၁ အမြင့်ဆုံးသောဘုရား၏ အကြံတော်ကို မထီမဲ့ မြင်ပြုသောကြောင့်၊ မှောင်မိုက်၊ သေမင်းအရိပ်၌ ထိုင်လျက်ဒုက္ခနှင့် ၎င်း၊ သံကြိုးနှင့်၎င်း၊ ချည်နှောင်လျက်နေကြရ၏။
၁၂ ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့စိတ်ကိုနှိမ့်ချ တော်မူ၏။ သူတို့သည်လဲ၍ ထောက်မသောသူမရှိဘဲ
၁၃ ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကိုအော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
၁၄ မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ်ဆောင်၍ သူတို့ ချည်နှောင်ခြင်းကို ဖြေတော်မူ၏။
၁၅ လူသားတို့ပြုမူသော ကရုဏာတော်နှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ၊၊
၁၆ အကြောင်းမူကား၊ ကြေးဝါတံခါးတို့ကို ချိုး၍ သံကန့်လန့် တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏၊၊
၁၇ မိုက်သောသဘောရှိသောသူတို့သည် လမ်းလွဲ၍ ဒုစရိုက်ကိုပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံရကြ ၏၊၊
၁၈ စားစရာမျိုးကို ရွံ့၍ သေခြင်းတံခါးငါ့အနီးသို့ ရောက်ကြ၏၊၊
၁၉ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏၊၊
၂၀ နှုတ်ကပတ်တော်ကို လွှတ်သဖြင့် သူတို့အနာကို ငြိမ်းစေ၍ ဖျက်ဆီး ခြင်း အရာများထဲက နှုတ်ယူတော်မူ၏၊၊
၂၁ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ၊၊
၂၂ ကျေးဇူးတော်ဝန်ခံရာယဇ်ကို ပူဇော်၍ ရွှင်လန်း သောအသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ၊၊
၂၃ သင်္ဘောစီးလျက် ပင်လယ်ကိုကူး၍ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည်
၂၄ နက်နဲရာအရပ်၌ ထာဝရဘုရား၏အမှုတော်တို့နှင့် အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ၏၊၊
၂၅ အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်း တိုက်သဖြင့် လှိုင်းတံပိုးတို့ကို ထစေ၏၊၊
၂၆ မိုဃ်းကောင်းကင်တိုင်အောင်တက်လျက် နက်နဲရာထဲသို့ ဆင်းလျက်တွေ့သော ဘေးကြောင့် သူတို့သည် စိတ်ပျက်ကြ၏၊၊
၂၇ တလည်လည်သွားလျက် ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ၏၊
၂၈ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော် မူ၏၊၊
၂၉ လေပြင်းကိုပျောက်စေတော်မူ၍ လှိုင်းတံပိုးများလည်းငြိမ်ဝပ်ကြ၏၊၊
၃၀ ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏၊၊ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏၊၊
၃၁ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော် တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ၊၊
၃၂ လူပရိသတ် အလယ်မှာ ထာဝရဘုရားကို မြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ၊၊
၃၃ မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ၎င်း၊ စမ်းရေထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ၎င်း ပြုတော်မူ၏၊
၃၄ မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏၊၊
၃၅ တဖန်လွင်ပြင်ကိုရေနှင့် ပြည့်စေခြင်းငှါ၎င်း၊ သွေ့ခြောက်သောအရပ်ကို စမ်းရေထွက်စေခြင်းငှါ၎င်း၊ ပြုတော်မူ၏၊၊
၃၆ ထိုအရပ်၌လည်း ငတ်မွတ် သော သူတို့ကို နေရာချတော်မူ၍ သူတို့သည် မိမိနေစရာဘို့ မြို့ကိုတည်ကြ၏၊၊
၃၇ လယ်လုပ်လျက် စပျစ်ဥယျာဉ်ကို လည်း စိုက်ပျိုးလျက် မြေအသီးအနှံတို့ကို ပြုစုကြ၏၊၊
၃၈ ကောင်းကြီးပေးတော်မူ၍ သူတို့သည် အလွန်ပွားများကြ ၏။  သူတို့နွားများကိုလည်း လျော့စေတ်ာမမူ၊၊
၃၉ တဖန်သူတို့သည် လျော့၍ ညှင်းဆဲခြင်း၊ ငြိုငြင်ခြင်း၊ စိတ်ပူပန်ခြင်းအား ဖြင့် နှိမ့်ချလျက် နေရကြ၏။
၄၀ မင်းသားတို့ကို အရှက်ခွဲ၍ လမ်းမရှိသော တောအရပ်၌ လည်စေတော်မူ၏၊၊
၄၁ ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ၍ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏၊၊
၄၂ ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းမြောက်ကြ၏၊၊ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏၊၊
၄၃ အကြင်သူသည် ပညာ ရှိ၏၊၊ ထိုသူသည် ဤအမှုအရာတို့ကို ဆင်ခြင်၍ ထာဝရဘုရား၏ ကရုဏာကျေးဇူးတော်ကို နားလည်လိမ့်မည်။