ဆာလံကျမ်း အခန်းကြီး ၁၀၆
၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
၂ ထာဝရဘုရား၏ တန်ခိုးကြီးခြင်း၊ အရာတော်တို့ကို အဘယ်သူပြောနိုင်သ နည်း။ ဂုဏ်ကျေး ဇူးတော်တို့ကို အဘယ် သူသည်အကုန်အစင်ဘော်ပြနိုင်သနည်း။
၃ ခပ်သိမ်းသော အခါတို့၌ တရားကိုစောင့်ရှောက်၍၊ ဖြောင့်မတ်စွာကျင့်သော သူတို့သည် မင်္ဂလာရှိကြ၏။
၎-၅ အိုထာဝရဘုရား၊ အကျွန်ုပ်သည်ရွေးကောက်တော်မူသော သူတို့၏ ကောင်းကျိုးကို မြင်စေခြင်းငှာ၎င်း၊ ကိုယ်တော်၏ လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏ အမွေဖြစ်သော သူတို့နှင့် အတူဝါကြွား ရွှင်လန်းစေခြင်းငှာ၎င်း၊ ကိုယ်တော်၏ လူတို့ခံရသော စေတနာတော်နှင့်တကွ ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို အကြည့်အရှု ကြွလာ၍ ကယ်တင်တော်မူပါ။
၆ အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရား သောအမှုကို ပြုကြပါပြီ။
၇ အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့သြဘွယ် တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာ သော ဂရုဏာတော်တို့ကို မအောက်မေ့ကြ။ပင်လယ်နား၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ၏။
၈ သို့သော်လည်း၊ မဟာ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ နာမတော်သည် အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။
၉ ဧဒုံ ပင်လယ်ကိုဆုံး မတော်မူ၍၊ ပင်လယ်ရေသည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာ အရပ်၌ သူတို့ကို ပို့ဆောင်တော် မူ၏။
၁၀ မုန်းသောသူ၏ လက်မှ သူတို့ကို ကယ်တင်၍၊ ရန်သူ၏ လက်မှ ရွေးနှုတ်တော်မူ၏။
၁၁ ရန်သူတစ်စုံ တစ်ယောက်ကိုမျှ မကျန်ရစ်စေခြင်းငှာ၊ ရေသည်လွှမ်းမိုးလေ၏။
၁၂ ထိုအခါ စကားတော်ကို ယုံ၍ဂုဏ်ကျေးဇူတော်ကို သီချင်းဆိုကြ၏။
၁၃ သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍ ၊ အကြံအစည်တော်ကို မဆိုင်းမလင့်ဘဲ၊
၁၄ တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။
၁၅ သူတို့တောင်းသောဆုကို ပေးတော်မူ၏။သို့သော် လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။
၁၆ ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူ အာရုန်ကို၎င်း ငြူစူကြ၏။
၁၇ မြေကြီးသည် ကွဲလျက်၊ ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။
၁၈ သူတို့အသင်းအဝင်ထဲမှာမီးရှို့၍၊ မတရားသောသူတို့ကို လောင်လေ၏။
၁၉ သူတို့သည်ဟောရပ်တောင်နား မှာ နွားသငယ်ကိုလုပ်၍ အရည်သွင်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ကြ၏။
၂၀ သူတို့၏ ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဍာန်ကို ယူကြ၏။
၁-၂၂ အဲဂုတ္တု ပြည်၌ ကြီးသောအမှုတို့ကို၎င်း၊ ဟာမအမျိုးနေရာပြည်၌ အံဘွယ်သောအမှုတို့ကို၎င်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ကို၎င်း၊ ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။
၂၃ ထိုအခါ ရွေးကောက်တော်မူသော မောရှေ့သည် အမျက်တော်ကိုလွှဲ၍ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှာ၊ ဖျက်ဆီးရာ အရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကိုဖျက်ဆီး မည်ဟုအကြံရှိတော်မူ၏။
၂၄ ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။
၂၅ မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲ နေကြ၏။
၂၆ ထို့ကြောင့်သူတို့ကို တော၌ လှဲခြင်းငှာ၎င်း၊
၂၇ သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်း ငှာ၎င်း၊ သူတို့တဘက်၌ ကျိန်ဆိုတော်မူ၏။
၂၈ ထိုသူတို့သည် ဗာလပေဂုရဘုရား၌ မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။
၂၉ ထိုသို့ မိမိတို့အများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည်သူတို့ကို လုယက်လေ၏။
၃၀ ထိုအခါ ဖိနဟတ်သည် ထ၍ တရားစီရင် သဖြင့်၊ ကာလနာသည်ငြိမ်းလေ၏။
၃၁ ထိုအမှုကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုးအဆက်ဆက် တည်သော ကာလအစဉ်မပြတ် မှတ်ရသတည်း။
၃၂ တဖန်မေရိဘရေအနားမှာ အမျက်တော်ကို နှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ့၌ အမင်္ဂလာဖြစ်လေ၏။
၃၃ သူ၏ စိတ်ကို ချုပ်ချယ်နှောင့်ယှက်ကြသဖြင့်၊ သူသည်အမှတ်တမဲ့ မြွက်ဆို၏။
၃၄ ထာဝရဘုရား မိန့်တော်မူသည်အတိုင်းမပြု။ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။
၃၅ သူတို့နှင့် ရောနှော၍ သူတို့၏ ဘာသာ ဓလေ့ကို သင်ကြ၏။
၃၆ သူတို့၏ရုပ်တုများကိုဝတ်ပြု၍ ကျော့ကွင်း ၌ ကျော့မိကြ၏။
၃၇ ကိုယ့်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ်ပူဇော်ကြ၏။
၃၈ ထို့အပြင် အပြစ်မရှိသော သူတို့၏အ သွေး၊ ခါနာန်ရုပ်တု တို့ရှေ့မှာယဇ်ပူဇော်သော ကိုယ်သား သမီးတို့အသွေးကို သွန်ကြ၍ ထိုမြေသည်အသွေးနှင့် ညစ်ညူးလေ၏။
၃၉ သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ၍ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။
၄၀ ထို့ကြောင့်ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံ့ရှာတော်မူ၏။
၄၁ သူတို့ကို တပါးအမျိုးသားတို့လက်သို့ အပ်တော်မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။
၄၂ ရန်သူတို့သည် ညှင်းဆဲ၍၊ သူတို့သည် ရန်သူတို့အောက်မှာ နှိမ့်ချခြင်းကိုခံကြရ၏။
၄၃ သူတို့သည်ကြိမ်ဖန်များစွာ ကယ်နှုတ်တော်မူ သော်လည်း၊ ပုန်ကန်သော အကြံကိုသာ ကြံ၍ မိမိတို့ဒုစရိုက်အပြစ်ကြောင့် နှိပ်စက်ခြင်းကိုခံကြရ၏။
၄၄ တဖန်သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင် သူတို့၌ ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊
၄၅ န်ခံခြင်းကတိတော်ကို သူတို့အဘို့ အောက်မေ့၍၊ ကရုဏာ တော်များပြားသည့်အတိုင်း၊ နောင်တရတော်မူ၏။
၄၆ သူတို့ကို ချုပ်သိမ်းထားသွားသော သူအပေါင်းတို့သည် သနားရကြ မည်အကြောင်းပြုတော်မူ၏။
၄၇ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်း သောနာမတော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါဘိဟု အကျွန်ုပ်တို့သည် ဝန်ခံ၍၊ ကိုယ်တော်ကို ချီးမွမ်းခြင်း၌ ဝါကြွား ဝမ်းမြောက်မည်အကြောင်း၊ အကျွန်ုပ်တို့ကို ကယ်တင်လျက်၊ တပါးအမျိုးသားတို့ထဲက နှုတ်ယူ၍ စုသိမ်းတော် မူပါ။
၄၈ ဣသရေအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ လူခပ် သိမ်းတို့သည် အာမင်ဟု ဝန်ခံကြစေ။ ဟာလေလုယ။