Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၀၈
 အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည်တည်ကြည်ပါ၏၊၊ သီချင်းဆိုပါမည်၊၊ ဝိညာဉ်ပါလျက် ချီးမွမ်းထောမနာ ပြုပါမည်၊၊
 တယောနှင့်စောင်းတို့နှိုးကြလော့၊၊ ငါလည်း စောစောနိုးမည်၊၊
 အိုထာဝရဘုရား ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာ သီချင်းကိုဆိုပါမည်၊၊
 အကြောင်းမူကား ၊ ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏၊၊
 အိုဘုရားသခင် ကောင်းကင် မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေ သတည်း၊၊ မြေပြင်တပြင်လုံးကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း၊၊ 
 ချစ်တော်မူသောသူတို့သည် ချမ်းသာရမည်အကြောင်း အကျွန်ုပ်စကားကို နားထောင်၍ လက်ျာလက်ရုံးတော် အားဖြင့် ကယ်တင် တော်မူပါ၊၊
 သန့်ရှင်းခြင်း ပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ငါသည်ဝမ်း မြောက်မည်၊၊ ရှေခင်မြို့ကို ပိုင်းခြားမည်၊၊ သုကုတ်လယ်ပြင်ကို တိုင်းတွာမည်၊၊
 ဂိလဒ်ပြည်ကို ငါပိုင်ရ၏၊၊ မနာရှေပြည် ကိုလည်း ငါပိုင်ရ၏၊ ဧဖရိပ်ပြည်ကား ငါဦးခေါင်း၏အစွမ်းဖြစ်ရ၏၊၊ ယုဒပြည်ကား ငါ၏ လွှတ်တော်ဖြစ်ရ၏၊၊
 မောဘပြည် ကား ငါရေချိုးအိုးဖြစ်ရ၏၊ ဧဒုံပြည်ကား ငါခြေနင်းရာ ဖြစ်ရ၏၊၊ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်၊
၁၀ အားကြီးသော မြို့ထဲသို့ငါ့ကို အဘယ်သူသွင်း ပေးမည်နည်း၊၊ ဧဒုံပြည်သို့ငါ့ကို အဘယ်သူ လမ်းပြမည်နည်း၊၊
၁၁ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော၊၊ အိုဘုရားသခင် အကျွန်ုပ်တို့ဗိုလ်ခြေနှင့် အတူ ကြွတော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော၊၊
၁၂ ဒုက္ခနှင့် ကင်းလွတ် စေခြင်းငှါ မစတော်မူပါ၊၊ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ၊၊
၁၃ ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်၊၊ သူတို့၏ ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်၊၊