Saturday, April 21, 2018

ယောဘဝတ္တု အခန်းကြီး ၃၁

၁ ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ၊၊
၂ သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကိုင်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကိုင်း ပေးတော်မူမည်နည်း၊၊
၃ ဆိုးသောသူတို့သည် ပျက်စီးခြင်းသို့င်း၊ မတရားသဖြင့် ကျင့်သောသူတို့ သည် ဆုံးရှုံးခြင်းသို့င်း ရောက်ရကြမည် မဟုတ်လော၊၊
၎ ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင်တော်မူသည် မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည် မဟုတ်လော။
၅ မုသာလမ်းသို့ ငါလိုက်မိသော်င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်င်း၊
၆ မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ၊၊
၇ ငါသည် လမ်းလွှဲမိသော်င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိ အလိုသို့ လိုက်မိသော်င်း၊ ငါ့လက်၌ အညစ်အကြေးကပ်မိသော်င်း၊
၈ ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါးစားပါစေ၊၊ ငါ့ပျိုးပင်များကို သူတပါး နှုတ်ပါစေ၊
၉ သူ့မယားကို ငါတပ်မက်မိသော်င်း၊  အိမ်နီးချင်းတံခါးနားမှာ ငါချောင်း မိသော်င်း၊
၁၀ ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ၊၊ သူတပါးသည် ငါ့မယားကို ရှုတ်ချပါစေ၊၊
၁၁ ငါသည် ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏၊၊
၁၂ ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါစည်းစိမ်ရှိသမျှကို သုတ်သင် ပယ်ရှင်းသောမီးဖြစ်၏၊၊
၁၃ ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသော အခါ ငါနားမထောင်ဘဲ နေမိလျှင်၊
၁၄ ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ငါပြုရမည်နည်း၊၊ စစ်ကြော တော်မူသောအခါ အဘယ်သို့ ပြန်လျှောက် ရမည်နည်း၊၊
၁၅ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရားသည် သူ့ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော၊၊ တပါးတည်း သော ဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော၊၊
၁၆ ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော၊၊ မုတ်ဆိုးမမျက်စိကို ပျက်စေခြင်းငှါ ပြုဘူးသလော၊၊
၁၇ မိဘမရှိသော သူတို့အားစားစရာကိုမမျှဘဲ၊ ငါတယောက်တည်း စားဘူး သလော၊၊
၁၈ ဆင်းရဲသား သည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက် ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်းကိုခံပြီ၊၊
၁၉ အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက်သောသူ တစုံတယောက်နှင့် ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသော သူတစုံတယောက်ကို ငါမြင်၍၊
၂၀ သူ၏ခါးသည် ငါ့ကိုကောင်းကြီးမပေး၊၊ ငါ့သိုးမွေးအားဖြင့် မနွေးဘဲနေသော်င်း၊
၂၁ ရုံးတော်တွင်ငါ့ဘက်၌နေ သောမင်းကို ငါသည်မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်င်း၊
၂၂ ငါ့လက်မောင်းသည် ပခုံးကကျပါစေ၊၊ ငါ့လက်ရိုးကျိုးပါစေ၊၊
၂၃ ငါသည်ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲနေပါပြီ၊၊
၂၄ ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်င်း၊
၂၅ ငါ၌ စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ်သောကြောင့်၊ ငါဝါကြွားဝမ်းမြောက် မိသော်င်း၊
၂၆ ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက်သွားသောလကို ငါကြည့်ရှုသောအခါ၊
၂၇ ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသောင်း၊
၂၈ ရာဇဝတ်ခံထိုက်သောအပြစ်ရှိ၏၊၊ အထက်အရပ်၌ ရှိတော်မူသော ဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏၊၊
၂၉ ငါ့ကို မုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော၊ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွား သလော၊၊
၃၀ ငါသည်သူ့အသက်ကိုကျိန်ဆဲ၍ ကိုယ်နှုတ်၌အပြစ် ရောက်စေခြင်းငှါ အခွင့်မပေး၊၊
၃၁ ငါ့အိမ်သူ အိမ်သားတို့က အဘယ်သူသည် ငါတို့သခင်၏ အမဲသားတို့တောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။
၃၂ ဧည့်သည်သည်လမ်း၌ ညဥ့်ကို မလွန်ရမည်အကြောင်း၊ ငါသည်ခရီးသွားသော သူတို့အားကိုယ်တံခါးကို ဖွင့်ထားပြီ။
၃၃ ငါသည်လူပြုတတ် သကဲ့သို့ ကိုယ်ဒုစရိုက်ကိုဖုံး၍ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကို ဝှက်ထားဘူးသလော၊၊
၃၄ ထို သို့ပြုမိလျှင် ကြီးသောပရိသတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ၊၊ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍၊ ငါ့အရှက်ကွဲပါစေ၊၊ အိမ်ပြင် သို့မထွက်ဘဲတိတ်ဆိတ်စွာ နေရပါစေ၊၊
၃၅ တစုံတယောက်သောသူသည် ငါ့စကား ကို နားထောင်ပါစေသော၊၊ ငါ့လက် မှတ်ကို ငါပေးမည်၊၊ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ၊၊
၃၆ အကယ် စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည်၊၊ ဗေါင်းကဲ့သို့ ဆောင်းပါမည်၊၊
၃၇ ငါသည်ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြမည်၊၊ မင်းကဲ့သို့ အထံတော် ကို ချဉ်းကပ်ပါမည်၊၊
၃၈ ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့် အော်ဟစ်၍ လည်ချောင်းတို့သည်တညီတည်း မြည်တမ်း သော်င်း၊
၃၉ စရိတ်မကုန်ဘဲ မြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်င်း၊
၄၀ စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယောပင်အ တွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏၊၊ ယောဘမြွက်ဆိုသော စကားပြီး၏၊၊

ယောဘဝတ္တု အခန်းကြီး ၃၂

၁ ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့် ထိုသူသုံးယောက်တို့သည် ပြန်၍မပြောဘဲ နေကြ၏၊၊
၂ ထိုအခါဗုဇအမျိုးအာရအနွယ်ဖြစ်သော ဗာရခေလသားဧလိဟုသည် အမျက်ထွက်၏၊၊ ယောဘသည် ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကို ပြသောကြောင့် ယောဘကို အမျက်ထွက်၏၊၊
၃ ယောဘ၏ အဆွေခင်ပွန်း သုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့် သူတို့ကို လည်းအမျက်ထွက်၏၊၊
၎ ဧလိဟုသည်သူတို့ထက် အသက်ငယ်သောကြောင့် ယောဘပြောသောစကား မကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏၊၊
၅ ထိုသူသုံးယောက်တို့သည် ပြန်၍ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ၏၊၊
၆ ထိုအခါ ဗုဇအမျိုးဗရခေလသားဧလိဟု မြွက်ဆိုသည်ကား ငါသည်အသက်ငယ်၏၊၊ သင်တို့ သည်အလွန်အသက်ကြီး၏၊၊ ထို့ကြောင့်ငါသည် ကြောက်၍ကိုယ်သဘောကို  မပြဝံ့ဘဲနေပါပြီ၊၊
၇ နေ့ရက် ကာလ တာရှည်သောသူသည် စကားပြောအပ်၏၊၊ နှစ်ပေါင်းများစွာ လွန်သောသူသည် ပညာကို သွန်သင်အပ်၏၊၊
၈ သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏၊၊ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏၊၊
၉ လူကြီးတို့သည် အစဉ်ပညာရှိသည် မဟုတ်။ အသက်ကြီးသောသူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
၁၀ သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့၊၊ ငါသည် ကိုယ်သဘောကိုလည်း ပြပါမည်၊၊
၁၁ သင်တို့စကားကို ကြားရသောအံ့သောငှါ ငါဆိုင်းလင့်ပြီ၊၊ သင်တို့သည်ပြောစရာကို ရှာဖွေ၍ဆွေးနွေးသော စကားကို ငါနားထောင်ပြီ။
၁၂ စေ့စေ့ နားထောင်စဉ်တွင်၊ ယောဘကိုအဘယ်သူမျှ မနိုင်။ သူ၏ စကားကို အဘယ်သူ မျှမချေ။
၁၃ သို့ဖြစ်၍ငါတို့သည် ပညာကိုရှာ၍တွေ့ပြီဟုသင်တို့ဆိုစရာမရှိ။ ယောဘကိုနှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
၁၄ ယောဘသည်ငါ့ကို ရည်ဆောင်၍ ပြောပြီမဟုတ်။ သင်တို့ပြန်ပြောသည့်အတိုင်း ငါပြန်ပြော မည်မဟုတ်။
၁၅ ဤသူတို့သည် မိန်းမောတွေဝေ လျက် ပြန်၍မပြောဘဲတိတ်ဆိတ်စွာနေကြ၏။
၁၆ ငါဆိုင်းလင့် သည်တွင် သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲငြိမ်ငြိမ်နေကြ၏။
၁၇ သို့ဖြစ်၍ ငါသည် ကိုယ်အတွက်ပြန် ပြောမည်။ ကိုယ့်သ ဘောကို ပြမည်။
၁၈ ငါသည်ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်းဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။
၁၉ ငါ့ဝမ်းသည် ပိတ်ဆို့သော စပျစ်ရည်နှင့် တူ၏။ အသစ်သောအသားရေဘူး ကွဲလုသကဲ့သို့ဖြစ်၏။
၂၀ ငါသည်သက်သာ ခြင်းငှာမြွက်ဆို ရမည်။ နှုတ်ကိုဖွင့်၍ ပြန်ပြောရမည်။
၂၁ အဘယ်သူ၏ မျက်နှာကို မျှမထောက်၊ အဘယ်သူကိုမျှ ချီးမွမ်းသော စကား နှင့်မချော့မော့။
၂၂ သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရားသည် ငါ့ကိုချက်ချင်းပယ်ရှားတော်မူမည်။

ယောဘဝတ္တု အခန်းကြီး ၃၃

၁ သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသော စကားအလုံးစုံတို့ကို နားထောင်နာယူပါလော့၊၊
၂ ငါသည် ယခုနှုတ်ကို ဖွင့်၍ လျှာနှင့်မြွက်ဆိုသောအခါ၊၊
၃ ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကားဖြောင့်လိမ့်မည်၊၊ ငါနှုတ်သည်ရှင်းလင်းသော  ပညာစကားကို မြွက်ဆိုလိမ့်မည်၊၊
၎ ဘုရားသခင်၏  ဝိညာဉ်တော်သည် ငါ့ကိုဖန်ဆင်းတော်မူပြီ၊၊ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကိုဖန်ဆင်းတော်မူပြီ၊၊ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကိုအသက်ရှည်တော်မူပြီ၊၊
၅ သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့၊၊ ကိုယ်စကား ကို ပြင်ဆင်လော့၊၊ ကြိုးစားလော့၊၊
၆ ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏၊၊ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏၊၊
၇ သင်သည်ကြောက်ရွံ့ရမည်အကြောင်း ငါ၌ကြောက် မက်ဘွယ်သော အရာမရှိ၊၊ သင့်အ ပေါ်မှာ ငါသည် လေးသောလက်ကိုမတင်၊၊
၈ အကယ်စင်စစ် သင့်စကားသံကို ငါကြားသည်အတိုင်း သင်မြွက်ဆိုသော စကားဟူမူကား၊
၉ ငါသည် စင်ကြယ်သော သဘောရှိ၏၊၊ ပြစ်မှားခြင်းကိုမပြုတတ်၊၊ ငါ၌အပြစ်မရှိ၊၊ သန့်ရှင်းခြင်းရှိ၏၊၊
၁၀ ဘုရားသခင်သည် ငါ၌အပြစ်တင်ခွင့်ကို ရှာတော်မူ၏၊၊ ငါ့ကို ရန်သူကဲ့သို့ သိမှတ်တော်မူ၏၊၊
၁၁ ငါ့ကိုထိတ်ခတ်တော် မူ၏၊၊ ငါထွက်ရာလမ်းရှိသမျှတို့ကို စောင့်တော်မူ၏ ဟုဆိုမိပြီ။
၁၂ ထိုသို့ ဆိုသော်မှားပြီ။ ငါပြန်ပြောသော စကားဟူမူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက်ကြီးမြတ်တော်မူ၏။
၁၃ ဘုရားသခင်နှင့် အဘယ်ကြောင့် ဆန့်ကျင်ဘက်ပြု သနည်း၊၊ ပြုတော်မူသော အမှုတို့၏ အကြောင်းကို ပြတော်မမူ။
၁၄ ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏၊၊ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက် တော်မူ၏၊၊
၁၅ လူသည် အိပ်ရာပေါ်မှ ငိုက်လျက်အိပ်ပျော်လျက်နေသောအခါ အိပ်မက်မြင်၍ ညဥ့်ရှုပါရုံကိုခံရ သောအားဖြင့်၊
၁၆ ဘုရား သခင်သည် လူ၏နားကိုဖွင့်၍ ဆုံးမပေးတော်မူတတ်၏၊၊
၁၇ ထိုသို့လူသည် မိမိအကြံကို စွန့်စေခြင်းငှါင်း၊မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါင်း ပြုတော်မူ၏၊၊
၁၈ သူ၏အသက်ကို သင်္ချိုင်းတွင်းမှ ကွယ်ကာ၍ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်၏၊၊
၁၉ လူသည် အိပ်ရာပေါ်မှာ နာခြင်းဝေဒနာကို ခံရ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊
၂၀ မုန့်နှင့် မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏စိတ်ဝိညာဉ်သည်ရွံ့ရှာ၏၊၊
၂၁ အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင်ရှား ဘူးသောအရိုးတို့လည်း ပေါ်ကြ၏၊၊
၂၂ အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနား သို့င်း၊ ဖျက်ဆီးသောတမန်လက်သို့  င်းရောက်လုပြီ၊၊
၂၃ သို့ရာတွင် လူတို့အား တရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋိဖြစ်၍၊ တရားစကားကို ပြန်တတ်သော တမန်ရှိလျှင်၊
၂၄ ဘုရားသခင်က သင်္ချိုင်းတွင်းထဲသို့ ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့၊၊ ရွေးရာအ ကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
၂၅ ထိုသူသည် သူငယ်ထက်အသားအရေနုထွား ၍ ပျိုသောအသက်နှင့် တဖန်ပြည့်စုံလိမ့်မည်၊၊
၂၆ ဘုရားသခင်ကို ဆုတောင်း၍ ကျေးဇူးတော်ကိုခံရသဖြင့်၊ ဝမ်းမြောက် သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်၊၊ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အားဘုရား သခင်ပေးတော်မူတတ်၏၊
၂၇ သူကလည်း ငါသည်ပြစ်မှားပါပြီ၊၊ မှန်သောတရားကို မှောက်ပါပြီ၊၊ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမ ခံရဘဲ၊
၂၈ သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင်တော်မူသဖြင့်၊ ငါ့အသက်သည် မှောက်မိုက်နှင့်လွတ်လျက် ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်၊၊
၂၉ ထိုသို့ဘုရား သခင်သည် လူတို့၌ ရံခါရံခါ စီရင်တော်မူသဖြင့်၊
၃၀ သချိုင်းတွင်းမှ နှုတ်ယူ၍၊ အသက်ရှင်သောသူတို့၏ အလင်းနှင့် လင်းစေတော်မူ၏။ လူမှနှုတ်ယူ၍ အသက်ရှင်သောသူတို့၏ အလင်း နှင့် လင်းစေတော်မူ၏၊၊
၃၁ အိုယောဘ၊ ငါ့စကားကိုသတိနှင့် နားထောင်လော့၊၊ တိတ်ဆိတ်စွာနေလော့၊၊ ငါပြောပါမည်၊၊
၃၂ သို့သော် လည်း ပြောစရာရှိလျှင် ပြန်ပြောလော့၊၊ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့၊၊
၃၃ ပြောစရာမရှိလျှင် တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့၊၊ ပညာကို ငါသွန်သင်ပါမည်ဟု မြွက်ဆို၏၊၊

Saturday, April 14, 2018

ယောဘဝတ္တု အခန်းကြီး ၃၄

၁ တဖန် ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊
၂ အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာ ယူကြလော့၊၊
၃ ခံတွင်းသည်အစာကို မြည်းစမ်းသကဲ့သို့၊ နားသည်စကားကို စုံစမ်းတတ်၏၊၊
၎ ငါတို့သည် ကိုယ်အဘို့  အလိုငှါစစ်၍တရားသဖြင့် စီရင်ကြကုန်အံ့၊၊ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့၊၊
၅ ယောဘက ငါဖြောင့်မတ်၏၊၊  ဘုရားသခင်သည်ငါ့ကို အမှုရှုံးစေတော်မူ၏၊၊
၆ ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရ မည်လော၊၊ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သော အနာရောဂါစွဲပါသည် တကားဟုဆိုမိပြီ၊၊
၇ ယောဘနှင့်တူသောသူ တစုံတယောက် ရှိလိမ့်မည်လော၊၊ ရေကိုသောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏၊၊
၈ မတရားသဖြင့် ကျင့်သော သူတို့နှင့် ပေါင်းဘော်၍ လူဆိုးတို့နှင့် သွားလာတတ်၏၊၊
၉ လူသည် ဘုရားသခင်၌ မွေ့လျော်၍ အကျိုးမရှိဟု ယောဘ သည် ဆိုမိပြီ၊၊
၁၀ သို့ဖြစ်၍ ဥာဏ်ကောင်းသော သူတို့၊ ငါ့စကားကို နားထောင်ကြလော့၊၊ ဒုစရိုက်သည် ဘုရားသခင် နှင့်င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်င်း ဝေးပါစေ၊၊
၁၁ လူပြုသောအမှု၏ အကျိုးအပြစ်ကို ပေးတော်မူမည်၊၊ လူတိုင်း ကိုယ်ကျင့်သော အကျင့်နှင့် အထိုက်အလျောက်ခံစေတော်မူမည်၊၊
၁၂ အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ၊၊ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင်တော်မမူ၊၊
၁၃ မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း၊  လောကဓာတ်လုံးကို အဘယ်သူစီရင်ပြုပြင်သနည်း၊၊
၁၄ ဘုရားသခင် သည် လူကိုအလိုတော်မရှိ၍ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊
၁၅ ခပ်သိမ်းသော လူသတ္တဝါတို့ သည် ချက်ခြင်းသေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်၊၊
၁၆ ယခုမှာ သင်သည် ဥာဏ်ရှိသည် ဖြစ်၍ ဆင်ခြင်ဦးလော့၊၊ ငါ့စကားသံကို နားထောင်ဦးလော့၊၊
၁၇ တရားကို မုန်းသောသူသည်အစိုးရရမည်လော၊၊ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသော သူကိုအပြစ်တင်သင့်သလော၊၊
၁၈ သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကိုင်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟု မင်းတို့ကိုင်း ဆိုသင့်သလော၊၊
၁၉ ထိုမျှမက၊ မင်းတို့၏ မျက်နှာကို ထောက်တော်မမူ၊၊ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတက်သောသူကို သာ၍ အားနာတော်မမူသော ဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော၊၊ ဘုရားသခင်သည် ခပ်သိမ်းသော သတ္တဝါ တို့ကို ဖန်ဆင်းတော်မူပြီ၊၊
၂၀ တခဏခြင်းတွင် သတ္တဝါ  တို့သည် သေတတ်ကြ၏၊၊ သန်းခေါင်အချိန်၌ လူမျိုးတစုံ တမျိုးတုန်လှုပ် ကွယ်ပျောက်၍ အားကြီးသော သူသော်လည်း အဘယ်သူမျှ မပြုဘဲသုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏၊၊
၂၁ အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရားသခင် ကြည့်ရှု၍ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏၊၊
၂၂ မတရား သဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာမှောင်မိုက်  သေမင်းအရိပ်တစုံတခုမျှမရှိ၊၊
၂၃ ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့သောအခါ၊ အထပ်ထပ် စစ်ကြောတော်မူစရာ အကြောင်းမရှိ၊၊
၂၄ အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ၏၊၊
၂၅ သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဥ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏၊၊
၂၆ သူတို့  အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ်တော်မူ၏၊၊
၂၇ အကြောင်းမူကား၊ သူတို့သည်ဘုရားသခင်ကို ငြင်းပယ်ကြ၏၊ ပြုတော်မူသော အမှုတို့ကို အလျှင်း မဆင်ခြင်ကြ။
၂၈ ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့  တက်၍ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေးသံသည် ကြားတော်မူရ၏၊၊
၂၉ ဘုရားသခင်သည် ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း၊၊ မျက်နှာလွှဲတော် မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက်တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင်နိုင်သနည်း၊၊
၃၀ ထိုသို့ ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏၊၊
၃၁ အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ၊၊ နောက်တဖန်မပြစ်မှားပါ၊၊
၃၂ အကျွန်ုပ် နားမလည်သောအရာကို သွန်သင်တော်မူပါ၊၊ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန်မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့်သည် မဟုတ်လော၊၊
၃၃ သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည်ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍ အလို တော်သို့ မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည်လော၊၊ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ၊၊
၃၄ ဥာဏ် ကောင်းသောသူတို့သည် စကားပြောပါစေ၊၊ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင်ပါစေ၊၊
၃၅ ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြောသောစကားသည်ပညာစကားမဟုတ်။
၃၆ ယောဘသည်မတရား သောသူကဲ့သို့ ပြန်ပြောတက်သော ကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏၊၊
၃၇ ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏၊၊ ငါတို့တွင်အောင်ပွဲကိုခံ၍၊ ဘုရားသခင်ကို ပြစ်မှားသောစကားနှင့် များစွာပြောတတ်သည်ဟု မြွက်ဆို၏၊

Tuesday, April 10, 2018

ယောဘဝတ္တု အခန်းကြီး ၃၅

၁-၂ တဖန်ဧလိဟု ဆက်၍ မြွက်ဆိုသည်ကား၊ ငါသည်ဘုရားသခင်ထက်သာ၍ ဖြောင့်မတ်၏ဟု သင်ပြော သော စကားမှန်သည် ထင်သလော၊၊
၃ သင်က ငါသည်အဘယ်အကျိုးကို ရသနည်း၊၊ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏၊၊
၎ သင်နှင့်သင်၏ အပေါင်းအဘော်တို့ စကားကို ငါချေပါမည်၊၊
၅ မိုဃ်းကောင်းကင် ကိုမျှော်၍ သင့်ထက်မြင့်သော မိုဃ်းတိမ်တို့ကို ကြည့်ရှုလော့၊၊
၆ သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရားသခင်ကို အဘယ်သို့  ထိခိုက်နိုင်သနည်း၊၊ ပြစ်မှားသော အပြစ်များ သော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။
၇ သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း၊၊ သင့်လက်မှ အဘယ် ကျေးဇူးကို ခံတော်မူမည်နည်း၊၊
၈ သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏၊၊ သင်ပြုသော သုစရိုက်သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏၊၊
၉ များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏၊၊ အားကြီးသော သူနှိပ်စက်သော ကြောင့်၊ ပြင်းစွာအော်ဟစ်တတ်ကြ၏၊၊
၁၀ သို့သော်လည်း ငါ့ကို ဖန်ဆင်းတော်မူထသော ညဉ့်အချိန်၌ သီချင်းဆိုရ သောအခွင့်ကို ပေးတော်မူထသော၊
၁၁ မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သော ဥာဏ်နှင့်င်း၊ မိုဃ်းကောင်းကင်ငှက်မရ၊ ထူးဆန်းသောပညာနှင့်င်း၊ ငါတို့ကို ပြည့်စုံစေတော်မူသော ဘုရားသခင်သည် အဘယ်မှာ ရှိ တော်မူသနည်းဟု အဘယ်သူမျှ မမေးမြန်းတတ်၊၊
၁၂ ထိုကြောင့်အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကို ခံရ၍ အော်ဟစ် သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။
၁၃ အကယ်စင်စစ် ဘုရားသခင်သည် အချဉ်းနှီးသော စကားကို  နားထောင်တော်မမူ၊၊ အနန္တတန်ခိုးရှင်သည် ထိုသို့သော စကားကို မမှတ်ဘဲနေတော်မူ၏၊၊
၁၄ ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့်လျက်နေလော့၊၊
၁၅ ယခုမူကား၊ အမျက်ထွက်၍ ဆုံးမတော်မမူ၊၊ ပြစ်မှားသော အပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူသောကြောင့်၊
၁၆ ယောဘသည် အချည်းနှီးသော စကားကို မြွက်ဆိုတတ်၏၊၊ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏၊၊

ယောဘဝတ္တု အခန်းကြီး ၃၆

၁ တဖန်ဧလိဟု ဆက်၍ မြွက်ဆိုသည်ကား၊
၂ ငါ့ကိုသည်းခံပါလော့၊၊ အကျိုးအကြောင်းကို ငါပြဦးမည်၊၊ ဘုရား သခင်အဘို့ ပြောစရာရှိသေး၏၊၊
၃ ငါသည် ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်၊၊ ငါ့ကို ဖန်ဆင်းတော်မူ သော ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်၊၊
၎ အကယ်စင်စစ် မမှန်သောစကားကို ငါမပြော၊၊ ပညာအတတ်စုံလင်သော သူသည် သင်၌ ရှိ၏၊၊
၅ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏၊၊ သို့သော်လည်း မထီမဲ့မြင်ပြုတော်မမူတတ်၊၊ အစွမ်းသတ္တိ၊ ဥာဏ် သတ္တိနှင့်ပြည့်စုံတော်မူ၏၊၊
၆ မတရားသော သူတို့၏အသက်ကို စောင့်တော်မမူ၊၊ ဆင်းရဲခံရသော သူတို့ဘက်၌ တရားစီရင်တော်မူ၏၊၊
၇ ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲနေတော်မမူ၊၊ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ မြှောက်တော်မူ၏၊၊
၈ သူတို့သည် အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည်နှောင်ခြင်းကိုခံရလျှင်၊
၉ သူတို ပြုမိသော အမှုနှင့်ပြစ်မှားလွန်းကျူးမိသော အပြစ်များတို့ကို ပြဘော်မူ၏၊၊
၁၀ ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍ ဒုစရိုက်ကို စွန့်စေရမည်အကြောင်း ပညတ်တော်မူ၏၊၊
၁၁ စကားကို နားထောင်၍ အမှုတော်ကို ဆောင်ရွက်လျှင်၊ စည်းစိမ်းချမ်းသာနှင့် ပျော်မွေ့လျက်၊ နှစ်၊ လ၊ နေ့ရက်ကာလကို လွန်စေတတ်ကြ၏၊၊
၁၂ နားမထောင် လျှင် ထားဘေးနှင့်ဆုံး၍ ပညာအတတ်မရှိဘဲ သေတတ်ကြ၏၊၊
၁၃ အဓမ္မသဘောရှိသောသူတို့သည် အမျက်တော်ကို သိုထား တတ်ကြ၏၊၊ ချည်နှောင်တော်မူ သောအခါ မအော်ဟစ်တတ်ကြ၊၊
၁၄ အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့် အတူ ဆုံးတတ် ကြ၏၊၊
၁၅ အမှုရောက်သော ဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏၊၊ ညှဉ်းဆဲခြင်းကို ခံရသောအခါ  နားထောင်စေခြင်းငှါ ပြုတော်မူ၏၊၊
၁၆ ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသော အရပ်မှ ကျယ်ဝန်းရှင်းလင်းသောအရပ် သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသောအရသာနှင့် ပြည့်စုံသောခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့် မည်၊၊
၁၇ သို့မဟုတ် မတရားသောသူကဲ့သို့အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့်ယှဉ်သောဒဏ်ကို ခံရမည်၊၊
၁၈ အမျက်တော်ထွက်တတ်သည် ဖြစ်၍၊ ဒဏ်ခတ်တော်မူ မည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကို ပေးသော်လည်း ကိုယ်ကိုမရွေးမ နှုတ်နိုင်။
၁၉ သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော၊၊ ရွှေကိုင်း၊ များစွာသောစည်းစိမ်ကိုင်း၊ ပေးချင်သော်လည်း ပမာဏပြုတော်မမူ၊၊
၂၀ ညဥ့်ကိုမတောင့်တနှင့်။ ညဥ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏၊
၂၁ သတိပြုပါ၊၊ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သောအမှုကို ဆင်းရဲခြင်းထက် သင်သည် အလိုရှိလေပြီတကား။
၂၂ ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် မြှောက်ခြင်းရှိတော်မူ၏၊၊ ဘုရားသခင်ကဲ့သို့ အဘယ်သူအုပ် ချုပ်နိုင်သနည်း၊၊
၂၃ ကြွတော်မူရသော လမ်းကိုအဘယ်သူ စီရင်သနည်း၊၊ ကိုယ်တော်သည် မတရားသော အမှုကိုပြုမိပြီ ဟု အဘယ်သူဆိုရာသနည်း၊၊
၂၄ လူတို့သည် ချီးမွမ်းအပ်သောအမှုတော်ကို မြှောက်ခြင်းငှါ သတိပြုလော့၊၊
၂၅ လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏၊၊ အဝေးကကြည့်ရှုတတ်ကြ၏၊၊
၂၆ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏၊၊ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်၊၊ အသက်တော်နှစ်ပေါင်းကို စစ်၍ မကုန်နိုင်ကြ၊၊
၂၇ ရေကို သုန်ဖျင်းစေ၍ အထက်သို့ ဆွဲယူတော်မူသဖြင့် ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏၊၊
၂၈ မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ၍ များစွာ သော မိုဃ်းရွာတတ်၏၊၊
၂၉ မိုဃ်းတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည်ခြင်းကို အဘယ်သူနားလည်သနည်း၊၊
၃၀ တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏၊၊ သမုဒ္ဒရာ၌ အနက်ဆုံးသော အရပ်ကိုလည်း ဖုံးလွှမ်းတော်မူ၏၊
၃၁ ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏၊၊ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏၊၊
၃၂ အလင်းကို လက်တော်နှင့် ကွယ်ကာ၍ တဖန်ရန်သူရှိရာသို့ လွှတ်တော်မူ၏၊၊
၃၃ ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏၊၊

ယောဘဝတ္တု အခန်းကြီး ၃၇

၁ ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိနေရာမှရွေ့သွား၏၊၊
၂ မြွက်တော်မူသော အသံနှင့် နှုတ်တော်မှ ထွက်သောအသံကို စေ့စေ့နားထောင်ကြလော့၊၊
၃ မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏၊၊
၎ လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏၊၊ ဘုန်းအာနုဘော်တော်အသံနှင့် မိုဃ်းချုန်း တော်မူ၏ အသံတော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်းတော်မမူ၊၊
၅ အံ့သြဘွယ်သော အခြင်းအရာပါ လျက် ဘုရားသခင်သည် အသံတော်နှင့် မိုဃ်းချုန်းတော်မူ၏၊၊ ကြီးသောအမှု ငါတို့ နားမလည်နိုင်သောအမှုတို့ကို ပြုတော်မူ၏၊၊
၆ မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကိုင်း၊ သုန်ဖျင်းသော မိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေကိုင်း မိန့်တော်မူ၏၊၊
၇ ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်း လုပ်သော အလုပ်ကို ဆီးတားတော်မူ၏၊၊
၈ ထိုအခါ သားရဲတို့သည် မြေတွင်းထဲသို့ ဝင်၍ သူတို့နေရာ၌ နေတတ်ကြ၏၊၊
၉ လေဘွေသည် တောင်မျက်နှာမှင်း၊ အချမ်းသည်မြောက်မျက်နှာမှင်း၊ ထွက်လာတတ်၏၊၊
၁၀ ဘုရားသခင်မှုတ် တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏၊၊
၁၁ မိုဃ်းတိမ်မှ မိုဃ်းရေကို သက်ရောက်စေ၍ ရောင်ခြည်တော်  အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့်စေတော်မူ၏၊၊
၁၂ လောကဓာတ် မြေကြီးတရှောက်လုံးကို မှာထားတော်မူသမျှ  အတိုင်း ပြုစေခြင်းငှါ ၊ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏၊၊
၁၃ ဒဏ်ခတ်သော်င်း၊ မြေတော်ကိုပြုစုသော်င်း၊ ချမ်းသာပေးသော်င်း၊ လာစေတော်မူ၏၊၊
၁၄ အိုယောဘ၊ ဤစကားကို နားထောင်လော့၊၊ ဘုရားသခင်၏ အံ့ဘွယ်သော အမှုတော်တို့ကို ငြိမ်သက်စွာ နေ၍ ဆင်ခြင်လော့၊၊
၁၅ ထိုအမှုတို့ကို ဘုရားသခင်စီရင်၍ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ သင်သည် သိသလော၊၊
၁၆ ပညာစုံလင်သော ဘုရား၏ အံ့ဘွယ်သော အမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မှုသော အမှုကိုင်း၊
၁၇ မြေပေါ်မှာ တောင်လေဖြင့် အချမ်းပျောက်စေတော် မူသောအခါ သင်၏အဝတ်သည် အဘယ်သို့သောအားဖြင့် နွေးသည်ကိုင်း၊ နားလည်သလော၊၊
၁၈ သွန်းသောကြေးမုံ ကဲ့သို့တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့်ဝိုင်းညီ၍ ကြက်သလော၊၊
၁၉ ငါတို့သည် အဘယ်သို့ လျှောက်ရမည်ကို သွန်သင်ပါ၊၊ ငါတို့သည် မိုက်သောကြောင့် အလိုအလျောက် မလျှောက်တတ်ကြ၊၊
၂၀ ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော၊၊ အကယ်၍လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်၊၊
၂၁ လေသည်လာ၍ မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသော အခါ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်၊၊
၂၂ မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏၊၊ ဘုရားသခင် သည်  ကြောက်မက်ဘွယ်သော ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏၊၊
၂၃ အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍ မကုန်နိုင်ကြ၊ အစွမ်းသတ္တိအားဖြင့်င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်င်း ထူးဆန်းတော်မူ၏၊၊ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ၊၊
၂၄ သို့ဖြစ်၍ လူတို့သည် ကြောက်ရွံ့စရာ အကြောင်းရှိကြ၏၊၊ ဥာဏ်ကောင်းသော သူတစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏၊၊