၁ ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ၊၊
၂ သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကိုင်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကိုင်း ပေးတော်မူမည်နည်း၊၊
၃ ဆိုးသောသူတို့သည် ပျက်စီးခြင်းသို့င်း၊ မတရားသဖြင့် ကျင့်သောသူတို့ သည် ဆုံးရှုံးခြင်းသို့င်း ရောက်ရကြမည် မဟုတ်လော၊၊
၎ ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင်တော်မူသည် မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည် မဟုတ်လော။
၅ မုသာလမ်းသို့ ငါလိုက်မိသော်င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်င်း၊
၆ မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ၊၊
၇ ငါသည် လမ်းလွှဲမိသော်င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိ အလိုသို့ လိုက်မိသော်င်း၊ ငါ့လက်၌ အညစ်အကြေးကပ်မိသော်င်း၊
၈ ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါးစားပါစေ၊၊ ငါ့ပျိုးပင်များကို သူတပါး နှုတ်ပါစေ၊
၉ သူ့မယားကို ငါတပ်မက်မိသော်င်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်း မိသော်င်း၊
၁၀ ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ၊၊ သူတပါးသည် ငါ့မယားကို ရှုတ်ချပါစေ၊၊
၁၁ ငါသည် ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏၊၊
၁၂ ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါစည်းစိမ်ရှိသမျှကို သုတ်သင် ပယ်ရှင်းသောမီးဖြစ်၏၊၊
၁၃ ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသော အခါ ငါနားမထောင်ဘဲ နေမိလျှင်၊
၁၄ ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ငါပြုရမည်နည်း၊၊ စစ်ကြော တော်မူသောအခါ အဘယ်သို့ ပြန်လျှောက် ရမည်နည်း၊၊
၁၅ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရားသည် သူ့ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော၊၊ တပါးတည်း သော ဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော၊၊
၁၆ ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော၊၊ မုတ်ဆိုးမမျက်စိကို ပျက်စေခြင်းငှါ ပြုဘူးသလော၊၊
၁၇ မိဘမရှိသော သူတို့အားစားစရာကိုမမျှဘဲ၊ ငါတယောက်တည်း စားဘူး သလော၊၊
၁၈ ဆင်းရဲသား သည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက် ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်းကိုခံပြီ၊၊
၁၉ အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက်သောသူ တစုံတယောက်နှင့် ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသော သူတစုံတယောက်ကို ငါမြင်၍၊
၂၀ သူ၏ခါးသည် ငါ့ကိုကောင်းကြီးမပေး၊၊ ငါ့သိုးမွေးအားဖြင့် မနွေးဘဲနေသော်င်း၊
၂၁ ရုံးတော်တွင်ငါ့ဘက်၌နေ သောမင်းကို ငါသည်မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်င်း၊
၂၂ ငါ့လက်မောင်းသည် ပခုံးကကျပါစေ၊၊ ငါ့လက်ရိုးကျိုးပါစေ၊၊
၂၃ ငါသည်ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲနေပါပြီ၊၊
၂၄ ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်င်း၊
၂၅ ငါ၌ စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ်သောကြောင့်၊ ငါဝါကြွားဝမ်းမြောက် မိသော်င်း၊
၂၆ ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက်သွားသောလကို ငါကြည့်ရှုသောအခါ၊
၂၇ ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသောင်း၊
၂၈ ရာဇဝတ်ခံထိုက်သောအပြစ်ရှိ၏၊၊ အထက်အရပ်၌ ရှိတော်မူသော ဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏၊၊
၂၉ ငါ့ကို မုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော၊ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွား သလော၊၊
၃၀ ငါသည်သူ့အသက်ကိုကျိန်ဆဲ၍ ကိုယ်နှုတ်၌အပြစ် ရောက်စေခြင်းငှါ အခွင့်မပေး၊၊
၃၁ ငါ့အိမ်သူ အိမ်သားတို့က အဘယ်သူသည် ငါတို့သခင်၏ အမဲသားတို့တောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။
၃၂ ဧည့်သည်သည်လမ်း၌ ညဥ့်ကို မလွန်ရမည်အကြောင်း၊ ငါသည်ခရီးသွားသော သူတို့အားကိုယ်တံခါးကို ဖွင့်ထားပြီ။
၃၃ ငါသည်လူပြုတတ် သကဲ့သို့ ကိုယ်ဒုစရိုက်ကိုဖုံး၍ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကို ဝှက်ထားဘူးသလော၊၊
၃၄ ထို သို့ပြုမိလျှင် ကြီးသောပရိသတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ၊၊ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍၊ ငါ့အရှက်ကွဲပါစေ၊၊ အိမ်ပြင် သို့မထွက်ဘဲတိတ်ဆိတ်စွာ နေရပါစေ၊၊
၃၅ တစုံတယောက်သောသူသည် ငါ့စကား ကို နားထောင်ပါစေသော၊၊ ငါ့လက် မှတ်ကို ငါပေးမည်၊၊ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ၊၊
၃၆ အကယ် စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည်၊၊ ဗေါင်းကဲ့သို့ ဆောင်းပါမည်၊၊
၃၇ ငါသည်ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြမည်၊၊ မင်းကဲ့သို့ အထံတော် ကို ချဉ်းကပ်ပါမည်၊၊
၃၈ ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့် အော်ဟစ်၍ လည်ချောင်းတို့သည်တညီတည်း မြည်တမ်း သော်င်း၊
၃၉ စရိတ်မကုန်ဘဲ မြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်င်း၊
၄၀ စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယောပင်အ တွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏၊၊ ယောဘမြွက်ဆိုသော စကားပြီး၏၊၊