Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၄၅
 ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့် ပွက်ထလျက် ရှိ၍ ငါစီရင်သော အရာကို ရှင်ဘုရင်ရှေ့တော်၌ မြွက်ဆို ပေအံ့၊၊ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး၏ ကညစ်ဖြစ်ရ၏၊၊
 ကိုယ်တော်သည် လူမျိုးထက် အဆင်း လှပါ၏၊၊ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏၊၊ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ၏၊
 တန်ခိုးကြီးသောအရှင် ဘုန်းအသရေတော်ဖြစ်သော ကိုယ်တော်၏ထားကို ပေါင်တော်၌ စည်းတော်မူပါ၊၊
 သစ္စာတရား နူးညံ့ခြင်းတရား ဖြောင့်မတ်ခြင်းတရား ကြောင့် အသရေတော် ထင်ရှားလျက် အောင် မြင်၍ စီးသွားတော်မူပါ၊၊ လက်ျာလက်တော်လည်း ကြောက်မက်ဘွယ်သော အရာကို ကိုယ်တော်အား ပြပါလိမ့်မည်။
 ရှင်ဘုရင်၏ ရန်သူတို့နှလုံးထဲမှာ မြ‡ားတော်တို့သည် ထက်သည်ဖြစ်၍ လူတို့သည် ခြေတော်အောက်၌ လဲကြပါ၏။
 အိုဘုရားသခင် ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏၊၊ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင် သော နိုင်ငံဖြစ်ပါ၏၊၊
 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍ မတရားသောအမှုကို မုန်းတော်မူ၏၊၊ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော် ကို မြှောက်၍ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ၊၊
 ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သော အဝတ်တန်ဆာ တော်ရှိသမျှတို့သည် မုရန်၊ အကျော်၊ သစ်ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက်တော်မူဘွယ် ဖြစ်ကြပါ၏၊၊
 အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမမိဿံအဝင်ဖြစ်၍ လက်ျာတော်ဘက်မှ သြဖိရ ရွှေတန်ဆာဆင်သော မြောက်သား တော်နေရာဖြစ်ပါ၏၊
၁၀ ငါ့သမီးနားထောင်လော့၊၊ ဆင်ခြင်၍ နာယူလော့၊၊ ကိုယ့်အမျိုးသားချင်းနှင့် ကိုယ့်အဘ၏ အိမ်ကို မေ့လျာ့ လော့၊၊
၁၁ သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင်သည် နှစ်လိုစုံမက်တော်မူမည်၊၊ သူသည် သင်၏ အရှင်ဖြစ်သော ကြောင့် သူ့ကို ကိုးကွယ်လော့၊၊
၁၂ တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း လက်ဆောင် ပဏ္ဍာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်၊၊
၁၃ ရှင်ဘုရင်၏ သမီးတော်သည် အတွင်း၌ ဂုဏ်အသရေသက်သက် ရှိ၏၊၊ ရွှေဖြင့် ချယ်လှယ်သော အဝတ်တန်ဆာကို ဆင်၏၊၊
၁၄ ဈာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏၊၊ နောက်လိုက်သော အပေါင်းအဘော် အပျိုတော် များကိုလည်း ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်၊၊
၁၅ မ်းမြောက်ရွှင်လန်းသော အခြင်းအရာနှင့် ဆောင်ခဲ့၍ ရှင်ဘုရင်၏ နန်းတော်သို့ ဝင်ရကြလိမ့်မည်၊၊
၁၆ ကိုယ်တော်၏ အဘများ ကိုယ်စားသားများကို ရ၍၊ မြေကြီးတပြင်လုံးတွင် မင်းအရာ ၌ ခန့်ထားတော်မူလိမ့်မည်၊၊
၁၇ အကျွန်ုပ်သည် ကိုယ်တော်၏ နာမကို လူမျိုးအစဉ်အဆက် အောက်မေ့ ကျော်စောစေသဖြင့် လူမျိုးတို့သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတံ့သတည်း၊၊