ဆာလံကျမ်း အခန်းကြီး ၄၄
၁ အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလတွင် ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ၊၊
၂ တပါးအမျိုးသားတို့ကို လက်တော်ဖြင့် နှင်ထုတ်၍ အကျွန်ုပ်တို့၏ ဘိုးဘေးများကို နေရာချတော်မူ၏၊၊ တပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွားစေတော်မူ ၏၊၊
၃ သူတို့သည် ကိုယ်ထားဖြင့် ထိုမြေကို အစိုးရကြသည်မဟုတ်ပါ၊၊ ကိုယ်လက်ဖြင့် ကိုယ်ကိုကယ်တင်ကြသည် မဟုတ်ပါ၊၊ ကိုယ်တော်အလိုရှိသောကြောင့် လက်ျာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏၊၊
၎ အိုဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏၊၊ ယာကုပ်အမျိုး၏ ကယ်တင်ခြင်းအကြောင်းကို စီရင်တော်မူပါ၊၊
၅ ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူများကို တွန်းချကြပါစေ သော၊ ရန်ဘက်ပြုသော သူတို့ကို နာမတော်အားဖြင့် နင်းရသောအခွင့် ရှိကြပါစေသော၊၊
၆ ကိုယ်၌ပါသော လေးကို အကျွန်ုပ်သည်မကိုးစား၊၊ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ၊၊
၇ ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက်မှ ကယ်လွှတ်တော်မူ၏၊၊ အကျွန်ုပ်တို့အား မုန်းသောသူများကိုလည်း အရှက်ကွဲစေတော်မူ၏၊၊
၈ အကျွန်ုပ်တို့သည် မခြားမလပ်ဘုရား သခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏၊၊
၉ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီ၊၊
၁၀ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူပါ၊၊ ၀ အကျွန်ုပ်တို့ကို ရန်သူရှေ့မှာ ပြန်ပြေးစေတော်မူ၍ မုန်းသောသူတို့သည် အလိုလို လုယူရကြ၏၊၊
၁၁ ဟင်းလျာဖြစ်သော သိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍ တပါးအမျိုးသားတို့တွင် အရပ်ရပ် ကွဲပြားစေတော်မူ၏၊
၁၂ ကိုယ်တော်၏ လူများကို အဘိုးမခံဘဲရောင်း၍ ရောင်းသောအားဖြင့် စီးပွားတော်ကို တိုးပွား စေတော်မူသည်မဟုတ်၊၊
၁၃ အကျွန်ုပ်တို့ကို အိမ်နီးချင်းများ ကဲ့ရဲ့ရာပတ်ဝန်းကျင်၌နေသော သူများ ပြက်ယယ်ပြု၍ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏၊၊
၁၄ တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်းရသောအခွင့်၊ လူစုတို့ သည် ခေါင်းညိ‡တ်ရသော အခွင့်ကို ပေးတော်မူ၏၊၊
၁၅ ကဲ့ရဲ့သောသူနှင့် အသရေဖျက်သောသူ၏ စကားကြောင့် ၎င်း၊
၁၆ ရန်ဘက်ပြုသောသူနှင့်လက်စားချေသော သူ၏ မျက်နှာကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက်ကွဲခြင်း အကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏၊၊ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက် နေရပါ၏။
၁၇ ထိုမျှလောက်ခံရသော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့လျော့၊၊ သစ္စာတော်ကို မဖျက်ကြပါ။
၁၈ စိတ်နှလုံးသည် နောက်သို့မဆုတ် တရားတော်လမ်းမှလွှဲ၍ မသွားကြပါ၊၊
၁၉ ကိုယ်တော်မူကား မြေခွေးနေရာ အရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍ သေခြင်းအရိပ်နှင့် ဖုံးလွှမ်းတော်မူ၏၊၊
၂၀ အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင် ၏ နာမတော်ကို မေ့လျော့၍ တပါးအမျိုး၏ ဘုရားထံသို့ လက်ကို ဆန့်သည်မှန်လျှင်
၂၁ နှလုံး၌ ဝှက်ထားသော အရာများကို ဘုရားသခင် သိတော်မူသည်ဖြစ်၍ ထိုအမှုကို မစစ်ဘဲ နေတော်မူမည်လော၊၊
၂၂ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏၊၊ သတ်ဘို့ရာ ထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏၊၊
၂၃ အို ဘုရားရှင်၊ နိုးတော်မူပါ၊၊ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း၊၊ ထတော်မူပါ၊၊ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်၊၊
၂၄ အကျွန်ုပ်တို့ခံရသော နှိမ့်ချခြင်းနှင့် ည‡ဉ်းဆဲခြင်းကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့် မေ့လျော့တော်မူသနည်း၊၊
၂၅ အကျွန်ုပ်တို့၏ စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ၍ ရင်ပတ်လည်း မြေ၌ ကပ်လျက် ရှိပါ၏၊၊
၂၆ အကျွန်ုပ်တို့ကို မစသောဘုရား ထတော်မူပါ၊၊ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ။