ဆာလံကျမ်း အခန်းကြီး ၆၃
၁ ဒါဝဒ်သည် ယုဒတော၌ ရှိသောအခါ စပ်ဆိုသောဆာလံ၊၊
၂ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊ အကျွန်ုပ်၏ ကိုယ်ခန္ဓြွာသည်လည်း ကိုယ်တော်ကိုလွမ်းဆွတ်ပါ၏၊၊
၃ ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာန တော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ၊၊ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်၊၊
၎ ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြု လျက် လက်ကို ချီပါမည်၊၊
၅ အိပ်ရာပေါ်မှာကိုယ်တော်ကို အောက့်မေ့၍ ညဥ့်ယံတို့၌ ကိုယ်တော် ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
၆ အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။
၇ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏၊၊
၈ အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသောသူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည်၊၊ ထားဘေးဖြင့်ဆုံး၍ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်။
၉ ရှင်ဘုရင်မူကား၊ ဘုရားသခင် ဝမ်းမြောက်လိမ့်မည်၊၊
၁၀ ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်၊၊ မုသာစကားကို ပြောသောသူတို့၏ နှုတ်မူကား ပိတ်လျက် ရှိလိမ့်မည်၊၊