Sunday, April 1, 2018

ဆာလံကျမ်း အခန်းကြီး ၆၄
 အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင်၌ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကာကွယ် စောင့်ရှောက်တော်မူပါ၊၊
 လူဆိုးတို့၏ တိုင်ပင်ရာမှ၎င်း ၊ ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့၏ စုဝေးရာမှ၎င်း၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ၊၊
 ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ၏၊၊
 စုံလင်သောသူကိုမထင်မရှား ပစ်မည်အကြံ နှင့် ခါးသောစကားတည်းဟူသော မိမိတို့မြ‡ားကို ရွယ်တတ်ကြ၏၊၊ မကြောက်မရွံ့ဘဲ ချက်ခြင်းပစ်တတ်ကြ၏၊၊
 မကောင်းသောအမှုမှာ တယောက်ကို တယောက်နှိုးဆော်တတ်ကြ၏၊၊ ကျော့ကွင်းတို့ကို ထောင်ထားခြင်းငှါ တိုင်ပင်၍၊ အဘယ်သူမြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ၏၊၊
 မတရားသောအမှုတို့ကို ကိုယ့်အဘို့ စစ်ဆေးရှာဖွေတတ်ကြ၏။ အကုန်အစင် စစ်ဆေးရှာဖွေတတ်ကြ၏၊၊ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သောအရာတို့သည် အလွန် နက်နဲကြ၏။
 သူတို့၌ ဘုရားသခင်ပစ်တော်မူသော မြ‡ားမှန်၍ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည်၊
 သို့ဖြစ်၍ မိမိတို့လျှာသည် မိမိတို့ကို တိုက်စေ၍ မြင်သောသူ အပေါင်းတို့သည် ပြေးသွားကြလိမ့်မည်၊၊
 လူအပေါင်း တို့သည်လည်း ကြောက်ရွံ့၍ ဘုရားသခင် စီရင်တော်မူကြောင်း ကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြ လိမ့်မည်၊၊
၁၀ ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်၊၊ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်၊၊