Sunday, April 1, 2018

ဆာလံကျမ်း အခန်းကြီး ၆၂
 အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏၊၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း သည် အထံတော်က သက်ရောက်ရ၏၊၊
 အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအ ကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၍ ၊ ငါ၌ လှုပ်ရှားခြင်းများစွာမရှိရာ၊၊
 သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက် သောသူကို တိုက်ကြမည်နည်း၊၊ သူ့ကိုတိမ်းသော အုတ်ရိုး၊ လှုပ်သောထရံကဲ့သို့မှတ်၍ သင်တို့ အပေါင်းသည် အဘယ်မျှ ကာလပတ်လုံးဖြိုဖျက်ကြမည်နည်း၊၊
 ထိုသူကိုမြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက်နေကြ၏၊၊ မုသာကို နှစ်သက်ကြ၏၊၊ နှုတ်ဖြင့်ကား ကောင်းကြီးကိုပေးလျက် နှလုံး၌ကား ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏၊၊
 အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏၊၊ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊၊
 အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါခိုလှုံရာဖြစ်တော်မူ၍ ငါသည် လှုပ်ရှားခြင်းမရှိရာ၊၊
 ငါ့ကို ကယ်တင်ခြင်း အကြောင်း ငါ၏ဘုန်းပွင့်ခြင်း အကြာင်းကား ဘုရားသခင်ပေတည်း၊၊ ငါ့ကိုအားပေးသော ကျောက်၊ ငါခိုလှုံရာကား၊ ဘုရားသခင်ပေတည်း၊၊
 အိုလူ များတို့ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့၊၊ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့၊၊ ဘုရားသခင်သည် ငါတို့ခိုလှုံ ရာဖြစ်တော်မူ၏၊၊
 အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ အသရေရှိသောသူတို့သည် မုသာဖြစ်ကြ၏၊၊ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တ ထက်သာ၍ ပေါ့ကြ၏၊၊
၁၀ ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်၊၊ အနိုင်အထက် လုယူ၍ မဝါကြွားကြနှင့်၊၊ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်းမရှိကြနှင့်၊၊
၁၁ ဘုရားသခင်သည် တစ်ကြိမ်ဗျာဒိတ် ပေးတော်မူပြီ၊၊ နှစ်ကြိမ်မြောက်ငါကြားရသော ဗျာဒိတ်တော်ဟူမူကား၊ တန်ခိုးသည် ဘုရားသခင်၌ရှိ၏၊၊
၁၂ အိုထာဝရ ဘုရား ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏၊၊ ကိုယ်တော်သည် လူအသီးသီးတို့အား သူတို့အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏၊၊