ဆာလံကျမ်း အခန်းကြီး ၆၁
၁ အိုဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ ပဌာနာစကားကို မှတ်တော်မူပါ၊၊
၂ စိတ်နှလုံးညိ‡ုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏၊၊ အကျွန်ုပ်အထက်၌ မြင့်သောကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊
၃ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော် မူ၏၊
၎ တဲတော်၌ အစဉ်နေပါမည်၊၊ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်၊၊
၅ အိုဘုရားသခင်၊ အကျွန်ုပ်ြပုသော သစ္စာကတိတို့ကို ကြားတော်မူ၏၊၊ နာမတော်ကို ကြောက်ရွံ့သော သူတို့၏ အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့် မည်၊၊
၆ ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော၊၊
၇ ဘုရားသခင်ရှေ့တော်၌ အနန္တကာလပတ်လုံးနေတော်မူစေသတည်း၊၊ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့် မစေသတည်း၊၊
၈ သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ နာမတော်ကို အစဉ်အမြဲ ထောမနာ သီချင်းဆိုပါလေအံ့သတည်း၊၊