ဆာလံကျမ်း အခန်းကြီး ၄၃
၁ အိုဘုရားသခင်၊ အကျွန်ုပ်အမှု၌ တရားဆုံးဖြတ်တော်မူပါ၊၊ ကရုဏာမရှိသော လူမျိုးတဘက်ကနေ၍ အကျွန်ုပ် အမှုကို စောင့်တော်မူပါ၊ သစ္စာမရှိ ၊ မတရားသောသူ၏ လက်မှ အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ၊
၂ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဘုရားဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း၊၊ ရန်သူညှဉ်း ဆဲ နှိပ်စက်ခြင်းကို ခံရ၍ အကျွန်ုပ်သည် ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် အဘယ်ကြောင့်နေရပါသနည်း၊၊
၃ အလင်းတော်နှင့် သစ္စာတော်ကို စေလွှတ်တော်မူပါ၊၊ သူတို့သည် လမ်းပြ၍ သန့်ရှင်းသော တောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော၊၊
၎ သို့ပြုလျှင် ဘုရားသခင်၏ ယဇ်ပလ္လင်သို့၎င်း၊ အကျွန်ုပ်ဝမ်းမြောက် ရွှင်လန်းရာ ဘုရားသခင်ထံတော်သို့၎င်း၊ အကျွန်ုပ်သည်ရောက်လာ၍ကိုယ်တော်ကို စောင်းတီးလျှက် ချီးမွမ်း ထောမနာ ပြုပါမည်ဘုရား၊၊ အကျွန်ုပ်၏ဘုရား၊၊
၅ အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညိုးငယ်သနည်း၊၊ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ် ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက် နေလော့၊၊ ငါ့ကို ကယ်တင်တော်မူသောအရှင် ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊