Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၂၀

၁ ဘေးအန္တရာယ်ရောက်သောကာလ၌ ထာဝရဘုရားသည် ကိုယ်တော်စကားကိုနားထောင်၍ ယာကုပ်၏ ဘုရားသခင် နာမတော်သည် မြှောက်တော်မူပါစေသော။
၂ သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍ ဇိအုန်တောင် ပေါ်က ထောက်ပင့်တော်မူပါစေသော။
၃ ကိုယ်တော်၏ပူဇော်သက္ကာ အလုံးစုံတို့ကို အောက်မေ့၍ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေသော။
၎ ကိုယ်တော်၏စိတ် အလိုရှိသည်အတိုင်း ပေးသနား၍ အကြံအစည်တော် ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။
၅ ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည်ဝမ်းမြောက်၍ အကျွန်ုပ်တို့ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်၊၊ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါစေသော၊၊
၆ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူအား ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက် တော် ကယ်တင်ခြင်းအစွမ်းနှင့် ထိုသူ၏ စကားကို သန့်ရှင်းသော ကောင်းကင်ပေါ်မှာ နားထောင်တော် မူကြောင်းကို၎င်း ယခုငါသိ၏၊၊
၇ အချို့သော သူတို့သည် ရထားကို၎င်း၊ အချို့တို့သည် မြင်းကို၎င်း ချီးမွမ်းတတ်ကြ၏၊၊ ငါတို့မူကား ငါတို့ ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်၊၊
၈ သူတို့သည် နှိမ့်ချ၍ လဲလျက် ရှိကြ၏၊ ငါတို့မူကားထ၍ မတ်တပ်နေကြ၏၊ အိုထာဝရဘုရား မင်းကြီးကို ကယ်တင်တော်မူပါ၊၊
၉ အကျွန်ုပ်တို့ခေါ် သောအခါ နားထောင်တော်မူပါ၊၊