၁ အိုထာဝရဘုရား မင်းကြီးသည် ကိုယ်တော်၏အစွမ်း သတ္တိကြောင့် ဝမ်းမြောက်၍ ကယ်တင်တော်မူခြင်း အားဖြင့် အလွန်ရွှင်လန်းပါ၏၊၊
၂ သူ၏ နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ၊၊ သူ၏ စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ၊၊
၃ ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ၊၊ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။
၎ သူသည်အသက်ကို ဆုတောင်း၍ ကိုယ်တော်သည် အသက်မက၊ထာဝရအသက်ကို ပေးသနား တော်မူပြီ၊၊
၅ ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်းကြီး၍ လက်တော်မှ ဂုဏ်အသေရေနှင့် တန်ခိုးအာနုဘော်ကို ခံရပါ၏၊၊
၆ ကိုယ်တော်သည် သူ့ကို ထာဝရ မင်္ဂလာ အရာ၌ ခန့်ထား၍ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက် စေတော်မူ၏၊၊
၇ အကြောင်းမူကား မင်းကြီးသည် ထာဝရဘုရားကို ကိုးစား၍ အမြင့်ဆုံးသော ဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏၊၊
၈ ကိုယ်တော်၏ လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍ ကိုယ်တော်ကိုမုန်းသောသူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်၊၊
၉ အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်၊၊ ထာဝရဘုရားသည် အမျက်တော်အားဖြင့် သူတို့ကို မျိုတော်မူ၍ မီးသည်လည်း လောင်စားပါလိမ့်မည်၊၊
၁၀ သူတို့အမျိုး အနွယ်ကို မြေကြီးမှ ပယ်ရှင်း၍ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူမည်၊၊
၁၁ အကြောင်းမူကား ကိုယ်တော်တဘက်၌ မကောင်းသော အကြံကို ကြံစည်၍ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ၊၊ သို့ရာတွင် အကြံအထမမြောက်ကြပါ၊၊
၁၂ ထို့ကြောင့် သူတို့မျက်နှာတဘက်၌ လေးမြ‡ားတော်တို့ရွယ်၍၊ သူတို့ကျောကို လှည့်စေ တော်မူမည်၊၊
၁၃ အိုထာဝရဘုရား ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် မြှောက်ခြင်းရှိတော်မူစေသတည်း၊၊ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာ သီချင်းဆိုကြပါမည်၊၊