ဆာလံကျမ်း အခန်းကြီး ၁၄၈
၁ ကောင်းကင်ဘုံ၌ ထာဝရဘုရားကိုချီးမွမ်းကြလော့၊၊ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့၊၊
၂ ကောင်းကင် တမန်အ ပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့၊၊ ကောင်းကင်ဗိုလ်ခြေအပေါင်း တို့ ချီးမွမ်းကြလော့၊၊
၃ နေလတို့ ထာဝရ ဘုရားကို ချီးမွမ်းကြလော့၊၊ ထွန်းလင်းသောကြယ်အပေါင်းတို့ ချီးမွမ်းကြလော့၊၊
၎ ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ်မှာ ရေများတို့ ချီးမွမ်းကြလော့၊၊
၅ ထိုအရာတို့ကို အမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူသောကြောင့် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ၊၊
၆ ထိုအရာတို့ကို ကာလအစဉ်အဆက်အမြဲ တည်စေတော်မူ၍ မပျက်ရသော ဓမ္မတာ ကို စီရင်တော်မူ၏၊၊
၇ မြေကြီး၌ ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ၊
၈ မိုးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့် အခိုးအငွေ့၊ အမိန့်တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
၉ တောင်ကြီးတောင်ငယ်ရှိသမျှ အသီးကို သီးသောအပင်၊ အာရဇ်ပင်ရှိသမျှ၊
၁၀ သားရဲနှင့် သားယဉ်အပေါင်း တွားတတ်သော တိရစ္ဆာန်နှင့် ပျံတတ်သောဌက် အစရှိသော၊
၁၁ လောကီ ရှင်ဘုရင်များနှင့် ပြည်သူပြည်သားအပေါင်း၊ မင်းများနှင့် လောကီတရားသူကြီး အပေါင်း
၁၂ လူပျိုနှင့် အပျိုများ၊ လူအို နှင့် လူကလေးများတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့၊၊
၁၃ နာမတော်တပါးတည်း သာလျှင်မြတ်၍ ဘုန်းတော်သည် မြေကြီးနှင့် ကောင်းကင်ပေါ်ထက်၌ ရှိသောကြောင့် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ၊၊
၁၄ မိမိလူစုတို့၏ ဦးချိုကို ချီးမြ‡င့်တော်မူသဖြင့် အနီးတော်၌ ရှိသောလူစု၊ ဣသရေလအမျိုးသားတည်းဟူသော မိမိသန့်ရှင်းရာ သူအပေါင်းတို့၏ ချီးမွမ်းရာ ဖြစ်တော်မူ၏၊၊ ဟာလေလုယ၊၊