Monday, March 19, 2018

ဆာလံကျမ်း အခန်းကြီး ၁၄၉
 ထာဝရဘုရားရှေ့တော်၌ အသစ်သော သီချင်းကို ဆို၍ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့၊၊
 ဣသရေလအမျိုးသည် မိမိကို ဖန်ဆင်းတော်မူသောဘုရားကို အမှီပြု၍ ဝမ်းမြောက်စေ၊၊ ဇိအုန် သားတို့သည် မိမိရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ၊၊
 သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ၊၊ ပတ်သာနှင့် စောင်းကိုတီးလျက် ထောမနာသီချင်းဆိုကြစေ၊၊
 အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏၊၊ စိတ်နှိမ့်ချသော သူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏၊၊
 သန့်ရှင်း သောသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ၊၊ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ၊၊
 တပါး အမျိုးသားတို့တွင် တရားအတိုင်းအပြစ်ပေး၍ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏  ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍ ၊ မူးမတ်များကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌ မှတ်သားသော အပြစ်စီရင်ခြင်းကို သူတို့အားပြုခြင်း ငှါ ၎င်း၊ သန့်ရှင်းသောသူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို နှုတ်နှင့် ချီးမွမ်း၍ သန်လျက်ကို လက်နှင့်ကိုင်ကြစေ၊ ထာဝရဘုရား၏ သန့်ရှင်းသောသူအပေါင်းတို့သည် ထိုသို့သော ဘုန်းနှင့်ဆိုင်ကြ၏၊၊ ဟာလေလုယ၊၊