ဆာလံကျမ်း အခန်းကြီး ၁၄၇
၁ ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍ ချီးမွမ်းကြလော့၊၊ ငါတို့၏ ဘုရားသခင်ကို ထောမနာပြုခြင်းသည် သာယာလျှောက်ပတ်သည်ဖြစ်၍ ထောမနာ သီချင်းဆိုကြလော့၊၊
၂ ထာဝရဘုရား သည် ယေရုရှလင်မြို့ကို တည်ဆောက်၍ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုးသာတို့ကို စုဝေးစေတော်မူ၏၊၊
၃ စိတ်ကြေမွသောသူတို့ ကို နှစ်သိမ့်စေမူ၍ သူတို့၏ အနာကို ကုတော်မူ၏၊
၎ ကြယ်များကို ရေတွက်၍ အသီးအသီးတို့ကို သမုတ်တော် မူ၏၊၊
၅ ငါတို့၏ ဘုရားရှင်သည် ကြီးမြတ်တော်မူ၏၊၊ တန်ခိုးတော်လည်းကြီး၏၊၊ ဥာဏ်တော်သည် အနန္တဖြစ်၏၊၊
၆ ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍ မတရားသော သူတို့ကိုကား မြေပေါ်မှာ လှဲတော်မူ၏၊၊
၇ ဂုဏ်တော်ကို ချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့၊၊ စောင်းတီး၍ ငါတို့၏ ဘုရား သခင်ကို ထောမနာ သီချင်းဆိုကြလော့၊၊
၈ ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့် မြေကြီးဘို့ မိုဃ်းရေကို ပြင်ဆင်၍ တောင်များပေါ်မှာ မြက်ပင်ကို ပေါက်စေတော်မူ၏၊၊
၉ မြည်တတ်သော ကျီးကန်းကလေးမှစ၍ တိရစ္ဆာန်များ တို့ကို ကျွေးမွေးတော်မူ၏၊
၁၀ မြင်း၏ ခွန်အားနှင့် လူ၏ လျင်မြန်ခြင်းကို အားရနှစ်သက်တော်မူခြင်းမရှိ၊၊
၁၁ ကြောက်ရွံ့ သောသူနှင့် ကရုဏာတော်ကို မြော်လင့်သော သူတို့ကို ထာဝရဘုရား နှစ်သက်တော်မူ၏၊၊
၁၂ အိုယေရုရှလင်မြို့ ထာဝရဘုရားကို ချီးမွမ်းလော့၊၊ အိုဇိအုန်မြို့၊ သင်၏ ဘုရားသခင်ကို ချီးမွမ်းလော့၊၊
၁၃ အကြောင်းမူကား၊ သင်၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍ သင်၏ အထဲမှာ သားသမီးများကို ကောင်းကြီးပေး တော်မူ၏၊၊
၁၄ သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်းစေ၍ အကောင်ဆုံးသော စပါးနှင့်သင့်ကို ဝစွာကျွေးမွေး တော်မူ၏၊၊
၁၅ မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကို လွှတ်တော်မူ၏၊၊ နှုတ်ကပတ်တော်သည် အလျှင်အမြန်ပြေးတတ်ပါ၏။
၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏၊၊ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏၊၊
၁၇ မိမိမိုဃ်းသီးကို စားနုတ် စားပေါက်ကဲ့သို့ လွှတ်တော်မူ၍ ချမ်းစေတော်မူခြင်းကို အဘယ်သူ ခံနိုင်သနည်း၊၊
၁၈ တဖန် နှုတ်ကပတ်တော်ကို လွှတ်၍ ထိုမိုဃ်းပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏၊၊ မိမိလေကို လာစေတော်မူသဖြင့် ရေတို့သည် စီးကြ၏၊
၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို သူတို့မသိရကြ၊၊ ဟာလေလုယ။