Monday, March 19, 2018

ဆာလံကျမ်း အခန်းကြီး ၁၄၆
 အိုငါ့ဝိညာဉ်ထာဝရဘုရားကို ချီးမွမ်းလော့၊၊
 ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကို ချီးမွမ်းမည်၊၊ ငါဖြစ်စဉ်ကာ လပတ်လုံး ငါ၏ ဘုရားသခင်ကို ထောမနာ သီချင်းဆိုမည်၊၊
 မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစား ကြနှင့်၊၊
 သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏၊၊ ထိုနေ့ခြင်းတွင် သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏၊
 ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသောသူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂ လာရှိ၏၊၊
 ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊
 ညှဉ်းဆဲခြင်းကို ခံရသော သူတို့အား တရားပြတော်မူ၏၊၊ ငတ်မွတ် သောသူတို့ကို ကျွေးမွေးတော်မူ၏၊၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏၊၊
 ထာဝရ ဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏၊၊ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော် မူ၏၊ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ချစ်တော်မူ၏၊
 ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍ မုတ်ဆိုးမနှင့် မိဘမရှိသော သူတို့ကို ထောက်မတော်မူ၏၊၊ မတရားသောသူတို့၏ လမ်းကိုကား ကွေ့ကောက်စေတော်မူ၏၊၊
၁၀ အိုဇိအုန်မြို့ သင်၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတံ့သတည်း၊၊ ဟာလေလုယ၊၊