၁ ထိုအခါ ထာဝရဘုရားသည် ယောဘစကားကိုလှန်ပြန်၍ မိုဃ်းသက်မုန်းတိုင်းထဲက မိန့်တော်မူသည်ကား၊
၂ ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ် သူနည်း။
၃ လူယောက်ျား ကဲ့သို့သင့်ခါးကို စီးလော့၊၊
၎ ငါ့မေးမြန်းသောပြဿနာတို့ကို ဖြေလော့၊၊ မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာ ရှိသနည်း၊၊ နားလည်လျှင် ဘော်ပြလော့၊၊
၅ မြေကြီးအတိုင်း အရှည်ပမာဏကို အဘယ်သူစီရင်သနည်း၊၊ နားလည်လျှင် ပြောလော့၊၊ မျဉ်းကြိုးကို အဘယ်သူတန်း၍ ချသနည်း၊၊
၆ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း၊၊
၇ နံနက် ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သား အပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋိကျောက်ကို အဘယ်သူ တင်ထားသနည်း၊၊
၈ သမုဒ္ဒရာသည် အမိဝမ်းထဲကဘွား၍ ထွက်လာသောအခါ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း၊၊
၉ သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင် မိုက်နှင့် ထုပ်ရစ်သည်ကာလ၌င်း၊
၁၀ သင်သည် ဤအရပ်တိုင်အောင် လာရ၏။
၁၁ တိုး၍မလွန်ရ ဤအရပ်၌ သင်၏ ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထားသည်ကာလ၌င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း၊၊
၁၂ သင်သည် တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော၊၊ မိုဃ်းသောက်လင်းကို နေရာချဘူးသလော၊၊
၁၃ နံနက်အလင်းသည် မြေကြီးစွန်းကို ကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော၊၊
၁၄ မြေကြီးသည် တံဆိပ်ခတ် သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင် သကဲ့သို့ရှိ၏၊၊
၁၅ လူဆိုးတို့၏ အလင်းသည် ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏၊၊
၁၆ သင်သည် သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော၊၊ နက်နဲသောအောက်ဆုံးအရပ်၌ လှည့်လည်ဘူးသလော၊၊
၁၇ သေခြင်းတံခါးတို့ကို သင့်အား ဖွင့်ဘူးသလော၊၊ သေမင်းအရိပ်ထဲသို့ ဝင်သော လမ်းဝတို့ကို မြင်ဘူးသလော၊၊
၁၈ မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူးသလော၊၊ အလုံးစုံကို သိမြင်လျှင် ဘော်ပြ လော့။
၁၉ အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရ သနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသ နည်း။
၂၀ အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်းအခြားသို့ ငါတို့ကို ပို့ဆောင်နိုင်၏၊၊ သူတို့နေရာ အိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်၊၊
၂၁ သင်သည် ရှေးကာလ၌ ဘွားမြင်၍ အလွန်အသက်ကြီးသောကြောင့် သိလိမ့်မည်၊၊
၂၂ သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူးသလော၊၊
၂၃ ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာများကို မြင်ဘူးသလော၊၊
၂၄ အလင်းသည် အဘယ်သို့သော လမ်းဖြင့် နှံ့ပြားသနည်း၊၊ အရှေ့လေသည် မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း၊၊
၂၅ လူမရှိသော မြေနှင့် လူမနေ သော တော၌ မိုဃ်းရွာစေခြင်းငှါင်း၊
၂၆ လွတ်လပ်သော လွင်ပြင်ကိုရေနှင့်ဝစေ၍
၂၇ နုသောမြက်ပင်အညှောက် ကို ထွက်စေခြင်းငှါင်း၊ လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့်ဆိုင်သော လျှပ်စစ်ပြက်ရာ လမ်းကို အဘယ်သူ ဖွင့်သနည်း၊၊
၂၈ မိုဃ်းရေ၏အဘကားအဘယ်သူနည်း၊၊ နှင်းပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း၊၊
၂၉ ရေခဲသည် အဘယ်သူ၏ ဝမ်းထဲက ထွက်လာသနည်း၊၊ မိုဃ်းကောင်းကင် နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓြေွပေးသနည်း။
၃၀ ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ပင် လယ်မျက်နှာပြင် တင်းမာလျက်ရှိ၏၊၊
၃၁ သင်သည် ခိမကြယ်စု၏ သာယာစွာပြု ပြင်ခြင်းကို ချုပ်တည်းနိုင်သလော၊၊ ကလိသကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော၊၊
၃၂ မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ်ဘော်နိုင်သလော၊၊ အာရှကြယ်နှင့် သူတို့သားတို့ကို ပဲ့ပြင်နိုင်သလော
၃၃ မိုဃ်းကောင်းကင် တရားတို့ကို နားလည်သလော၊၊ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော၊၊
၃၄ များစွာ သော မိုဃ်းရေသည် သင့်ကိုလွှမ်းမိုးစေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော၊၊
၃၅ လျှပ်စစ်တို့ကို လွှတ်နိုင် သလော၊၊ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကို လျှောက်လျက် သွားကြလိမ့်မည်လော၊၊
၃၆ ကိုယ်ခန္ဓြွာထဲသို့ ပညာကို အဘယ်သူသွင်းသနည်း၊၊ နားလည်နိုင်သောဥာဏ် ကိုအဘယ်သူပေးသနည်း၊၊ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက်နိုင်သနည်း၊၊
၃၇ မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ
၃၈ မိုဃ်း ကောင်းကင်၏ ရေဘူးတို့ကို အဘယ်သူ သွန်းချသနည်း၊၊
၃၉ သင်သည် ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော၊၊
၄၀ ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍ ချုံဖုတ်အောက်၌ ချောင်းကြည့်လျက်နေသောအခါ သူတို့ကိုဝစွာကျွေးနိုင်သလော၊၊
၄၁ ကျီးအသငယ်တို့သည် စားစရာရှိသောကြောင့်၊ လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ စားစရာကို အဘယ်သူပေးသနည်း၊