ဆာလံကျမ်း အခန်းကြီး ၅၈
၁ အိုလူသားတို့ အကယ်စင်စစ် သင်တို့သည် စကားဖြာင့်ကြသလော၊၊
၂ တရားသဖြင့် စီရင်ကြသလော၊၊ အကယ်စင်စစ် သင်တို့သည် မတရားသောအကြံကို ကြံစည်၍ မြေကြီးပေါ်မှာ ကိုယ်လက်နှင့် ပြုသောညှဉ်းဆဲခြင်း ကို ချိန်တတ်ကြ၏၊၊
၃ မတရားသောသူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏၊၊ မွေးကတည်းကလမ်းလွဲ ၍ မုသာစကားကို ပြောတတ်ကြ၏၊၊
၎ သူတို့အဆိပ်သည် မြေအဆိပ်နှင့်တူ၏၊၊ နားပင်းသောမြွေဆိုးသည် မိမိနားကို ပိတ်၍၊
၅ လိမ္မာသောအလမ္ပယ်မြွက်ဆိုသော မန္တရားစကားကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏၊၊
၆ အိုဘုရားသခင်၊ သူတို့ပစပ်ထဲမှာ သွားများကို ချိုးတော်မူပါ၊၊ အိုထာဝရဘရား၊ ခြင်္သေ့တို့၏ အံသွားများကို ချိုးတော်မူပါ၊၊
၇ ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြပါစေသော၊၊ လေးကိုတင်သောအခါ မြ‡ားတို့သည် ကျိုးသကဲ့သို့ ဖြစ်ကြပါစေသော၊၊
၈ ခရုသည် သွားစဉ်တွင် ရွေ့လျော့သကဲ့သို့၎င်း၊ ပျက်သောကိုယ်ဝန်သည် နေရောင် ကို မမြင်ရသကဲ့သို့၎င်း ဖြစ်ကြပါစေသော၊၊
၉ ဆူးပင်နှင့်မွှေးသော မီးပူမှန်းကို အိုးတို့သည် မသိမှီ၊ အသက်ရှင်သောဆူး ပင်နှင့် မီးလောင်လျက် ရှိသော ဆူးပင်တို့ကို လေဘွေတိုက်သွားပါစေသော၊၊
၁၀ ဖြောင့်မတ်သောသူသည် ထိုသို့သော ဒဏ်ပေးခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်၊၊
၁၁ မတရားသောသူတို့၏ အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်၊၊
၁၂ သူတပါးကလည်း ဖြောင့်မတ်သောသူသည် အကျိုးကို ဧကန်အမှန်ခံရ၏၊၊ မြေကြီးပေါ်မှာ တရားစီရင်သော ဘုရားသခင် သည် ဧကန်အမှန်ရှိတော်မူသည်ဟု ဝန်ခံကြပါလိမ့်မည်၊၊