ဆာလံကျမ်း အခန်းကြီး ၁၃၀
၁ အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။
၂ အိုထာဝရဘုရား၊ အကျွန်ုပ်၏ စကားသံကို ကြား၍၊ အကျွန်ုပ်ဆုတောင်းပဌာပြုသံကို နားညောင်းတော်မူပါ။
၃ အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။
၎ ကိုယ်တော်ကို ကြောက်ရွံ့စရာ အကြောင်းရှိစေခြင်းငှာ၊ အပြစ်လွှတ်ခြင်း အခွင့်ကို ပိုင်တော်မူ၏။
၅ ထာဝရဘုရားကို ငါစောင့်လျက် နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။
၆ နံနက်ကို မြော်လင့်သော သူတို့ ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကိုမျှော်လင့်လျက် နေ၏။
၇ ဣသရေလ အမျိုးသည် ထာဝရဘုရားကို မြော်လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ ကရုဏာရှိ၏။ များစွာသော ရွေးနှုတ်ခြင်း ကျေးဇူးရှိ၏။
၈ ဣသရေလအမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့ အထဲက ရွေးနှုတ်တော် မူလိမ့်မည်။