ဆာလံကျမ်း အခန်းကြီး ၁၃၁
၁ အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်း မမော်ပါ။ ကိုယ်နှင့်မတန်၊ကြီးမြင့်သော အမှုတို့၌ မကျင်လည်ပါ။
၂ အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့်ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ် စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ၏။
၃ ဣသရေလ အမျိုးသည် ယခုအခါမှစ၍၊ ကာလအစဉ်မပြတ် ထာဝရဘုရားကို မြော်လင့်ပါစေ။