ဆာလံကျမ်း အခန်းကြီး ၆၇
၁ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ကောင်းကြီးပေး၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော၊၊
၂ ထိုသို့သော အားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ခံရကြပါစေ သော၊၊
၃ အိုဘုရားသခင်၊ လူများ တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
၎ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြ ပါစေသော၊၊ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍ မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်၊၊
၅ အိုဘုရားသခင် လူများတို့သည် ကိုယ်တော်ကိ ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊
၆ မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေး တော်မူ၏၊၊
၇ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်၊၊ မြေကြီးစွန်း အပေါင်းတို့သည်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်၊၊