ဆာလံကျမ်း အခန်းကြီး ၆၈
၁ ဘုရားသခင်ထတော်မူ၍ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော၊၊ ဘုရားသခင်ကို မုန်းသောသူ တို့သည် အထံတော်ကပြေးကြပါစေသော။
၂ မီးခိုးလွှင့်သကဲ့သို့သူတို့ကိုလွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည် ဖြစ်သကဲ့သို့ မတရားသောသူတို့သည် ဘုရားသခင်ရှေ့တော်မှာ ပျက်စီးကြစေသော။
၃ ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍ ဘုရားသခင်ရှေ့တော်မှာ ရွှင်လန်းသောစိတ်နှင့် အလွန်ဝမ်းမြောက်ဝမ်းသာကြ ပါစေသော။
၎ ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့လမ်း ကိုပြင်ကြလော့။ ထိုအရှင်၏နာမတော်ကား ထာဝရဘုရားတည်း။ ရှေ့တော်၌ရွှင်လန်းကြလော့။
၅ ဘုရားသခင်သည် သန့်ရှင်းသောဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိ သောသူတို့၏ အဘဖြစ်၍ မုတ်ဆိုးမ တို့ဘက်မှာ တရားစီရင်တော်မူ၏။
၆ ဘုရားသခင်သည် ပေါက်ဘော်မရှိသောသူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍ ချုပ်ထားသောသူ တို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သောသူတို့မူကား သွေ့ခြောက်သော အရပ်၌ နေရကြ၏။
၇ အိုဘုရားသခင် ကိုယ်တော်၏လူစုရှေ့မှာကြွ၍ တော၌ချီတော်မူသောအခါ၊
၈ ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီးလှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်မျက်နှာ တော်ကြောင့်၊ သိနာတောင်သည်လည်းတုန်လှုပ်၏။
၉ အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကိုများစွာ ရွာစေ၍ ပင်ပန်းသော အမွေတော်လူတို့ကိုထောက်မတော်မူ၏၊၊
၁၀ ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရပါ၏။ အိုဘုရား သခင် ဆင်းရဲသောသူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
၁၁ ဘုရားရှင်အမိန့်တော်ရှိ၍ ဝမ်းမြောက် စရာသိတင်းကို ကြားပြောသောသူတို့သည် အတိုင်းမသိများကြ၏။
၁၂ စစ်အင်္ဂါဗိုလ်ခြေသခင် ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌နေရစ်သောမိန်းမတို့သည် လက်ရဥစ္စာကိုဝေမျှကြ၏။
၁၃ သင်တို့သည် တောင်ကြားမှာ နေရာကျလျက်ငွေနှင့်မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း နီသောရွှေနှင့်မွမ်းမံသောအမွေးကဲ့သို့၎င်း ဖြစ်လိမ့်မည်။
၁၄ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသည် ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသော အရပ်သည်ဇာလ မုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ဖြစ်လေ၏။
၁၅ ဘုရားသခင်၏တောင်တည်း ဟူသောဗာရှန်တောင် မြင့်သောထိပ်များနှင့် ပြည့်စုံသောဗာရှန် တောင်တို့
၁၆ သင်တို့သည် မြင့်သောတောင်ထိပ်များနှင့် ပြည့်စုံသော်လည်း ဘုရားသခင်ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
၁၇ ဘုရားသခင်၏ ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
၁၈ ကိုယ်တော်သည် မြင့်သော အရပ်သို့ တက်ကြွတော်မူ သဖြင့် များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍ ထာဝရအရှင်ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူ မည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန်သောလူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ၊၊
၁၉ ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေ သတည်း၊ ငါတို့ကို သူတပါးညှင်းဆဲသောအခါ ဘုရားသခင် ကယ်တင်တော်မူ၏၊၊
၂၀ ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏၊၊ ဘုရားအရှင် ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏၊၊
၂၁ ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း အပြစ်ပြုမြဲပြုသောသူတို့၏ ဦးသျှောင်ကို၎င်း၊ ဧကန်အမှန် နှိပ်စက်တော်မူမည်။
၂၂ သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်၊၊ နက်နဲသောပင်လယ် ထဲက ငါဆောင်ခဲ့ဦးမည်၊၊
၂၃ ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍ သင်၏ ခွေးတို့သည်လည်း လျက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မှု၏၊၊
၂၄ အိုဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင် အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ၊၊
၂၅ ရှေ့၌ကား သီချင်းဆိုသောသူ နောက်၌ကား စောင်းအမျိုးမျိုးကိုတီးသော သူ၊ အလယ် ၌ကား ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏၊၊
၂၆ ဣသရေလ အမျိုးသားတို့ ပရိသတ် အစည်းအဝေးတို့၌ ထာဝရအရှင်ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့၊၊
၂၇ အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍ မိမိအလုံးအရင်းနှင့် တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ၊ နဿလိမင်းများ ပါကြ၏၊၊
၂၈ အိုဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ၊၊ အိုဘုရားသခင် အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ၊၊
၂၉ ယေရုရှလင်မြို့၌ ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင် တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော၊၊
၃၀ ကျူတောသားရဲကို၎င်း၊ နွားလားဥသဘ အစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း၊ ဆုံးမတော်မူသဖြင့် အသီးအသီး တို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မူကို နှစ်သက်သောလူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။
၃၁ အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါ စေသော၊ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံတော်သို့ အလျင် အမြန်ဆန့်ရပါစေသော၊၊
၃၂ မြေကြီးနိုင်ငံတို့ ဘုရားသခင်ရှေ့တော် ၌ သီချင်းဆိုကြလော့၊၊
၃၃ အစအဦး၌ အထက်ကောင်းကင် ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့၊၊ အသံတော်ကို လွှတ်တော်မူ၍ အားကြီးသောအသံဖြစ်၏၊
၃၄ ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့၊၊ ဣသရေ လအမျိုးကို ဘုန်းတော်လွှမ်းမိုးလျက် တန်ခိုးတော်လည်း မိုဃ်းတိမ် တို့တွင် ထင်ရှားလျက် ရှိသတည်း၊၊
၃၅ အိုဘုရား သခင် ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏၊၊ ဣသရေလအမျိုး၏ ဘုရားသ ခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို ပေးတော်မူသော ဘုရားပေတည်း၊ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေ သတည်း၊၊