၁ အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏၊၊ မထူးဘဲနေ တော်မမူပါနှင့်၊၊ မထူးဘဲနေတော်မူလျှင် အကျွန်ုပ်သည် သချိုင်းတွင်းထဲသို့ဆင်းသောသူကဲ့သို့ ဖြစ်ရပါမည်၊၊
၂ အကျွန်ုပ် သည် သန့်ရှင်းသော ဗျာဒိတ်ဌာနတော်သို့လက်ကိုချီ၍ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်တောင်း လျှောက်သော အသံကို နားထောင်တော်မူပါ၊၊
၃ အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့် လောကဝတ်စကားကိုပြောတတ်သော သူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရားသော အမှုကို ပြုတတ်သော သူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင် တော်မမူပါနှင့်၊၊
၎ သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည်နှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ၊၊ သူတို့ပြုမူသည်အတိုင်း ဆပ်ပေး၍၊ အပြစ်နှင့် အလျောက် စီရင်တော်မူပါ၊၊
၅ သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို၎င်း၊ လက်တော်နှင့် ပြုပြင်တော်မူရာကို၎င်း၊ မမှတ်ကြသောကြောင့် တည် ဆောက်တော်မမူ ဖြိုဖျက်တော်မူမည်၊၊
၆ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း၊၊
၇ ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ၊ ထာဝရဘုရားသည် ငါ၏ ခွန်အားဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏၊၊ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင်လန်းလျက် ရှိ၏၊၊ သီချင်းဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်းမည်။
၈ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏၊၊ အထံတော်၌ ဘိသိက်ခံသောသူ၏ ကယ်တင်ခြင်း အကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏၊၊
၉ ကိုယ်တော်၏ လူစုကို ကယ်တင်၍ အမွေတော်ကို ကောင်းကြီးမင်္ဂလာပေး တော်မူပါ၊၊ သူတို့ကို အုပ်ထိန်း၍ ထာဝရမြှောက်ခြင်း ရှိစေတော်မူပါ၊၊