၁ အိုဘုရားသခင်သားတို့ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့၊၊
၂ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံလျက် သန့်ရှင်းသော တန်ဆာကို ဆင်၍ ထာဝရဘု ရား ကို ကိုးကွယ်ကြလော့၊၊
၃ ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏၊၊ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုဃ်းချုန်းတော်မူ၏၊၊ ထာဝရဘုရားသည် များစွာသော ရေပေါ်မှာ ရှိတော်မူ၏၊
၎ ထာဝရဘုရား၏ အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏၊၊ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏၊၊
၅ ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင်တို့ကို ချိုးတော်မူ၏၊၊ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန် အာရဇ်တောကို ချိုးတော်မူ၏၊၊
၆ တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တောနှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း၊ ခုန်စေတော်မူ၏၊၊
၇ ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏၊၊
၈ ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏၊၊ ထာဝရဘုရားသည် ကာဒေရှတောကို ချောက်ခြားတော်မူ၏။
၉ ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ်မတို့ကို မွေးဘွားစေတော်မူ၏၊၊ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသော သူတို့သည် ဘုန်းတော်ကို ဘော်ပြကြစေ။
၁၀ ထာဝရဘုရားသည် မိုဃ်းသက် မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏၊၊ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏၊၊
၁၁ ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော်မူမည်၊၊ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း၊ ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်၊၊