Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၃၆
၁ ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် မတရားသောသူ၏ မျက်စိ၌မထင်ဟု ထိုသူပြုတတ် သောဒုစရိုက်ကို ငါထောက်၍သဘောကြ၏၊၊
၂ သူ၏အပြစ်ကိုတွေ့တော်မမူ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကိုဆောင်တတ်၏၊၊
၃ သူပြောသောစကားသည် အဓမ္မစကားလှည့်စားသော စကားဖြစ်သည်၊၊ ကောင်းသောအကျင့်ကို ကျင့်စေတတ်သော ပညာကိုစွန့် လေပြီ၊၊
၎ အိပ်ရာပေါ်မှာ မကောင်းသော အမှုကို ကြံစည်တတ်၏၊၊မကောင်းသောလမ်းသို့ အမြဲလိုက်၍ ဆိုးယုတ်သောအကျင့်ကို ရွံရှာခြင်းမရှိ၊၊
၅ အိုထာဝရဘုရား ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည်မိုဃ်းတိမ်သို့၎င်း၊ မှီပါ၏။
၆ ဖြောင့်မတ်တော်မူခြင်း တရားသည် ကြီးမားစွာသောတောင်ရိုးနှင့် တူပါ၏၊၊ တရားစီရင်တော် မူချက်တို့သည် အလွန် နက်နဲရာဖြစ်ကြပါ၏၊၊ အိုထာဝရဘုရား ကိုယ်တော်သည် လူမျိုးနှင့်တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏၊၊
၇ အိုဘုရား သခင်ကရုဏာတော်သည် အလွန်မြတ်နိုးဘွယ် ဖြစ်ပါ၏၊၊ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏၊၊
၈ အိမ်တော်၏ ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍ ကိုယ်တော်၏ ချမ်းသာမြစ်ရေကို သောက်စေ ခြင်းငှါ အခွင့်ပေးတော်မူ၏၊၊
၉ အကြောင်းမူကား ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်း ရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကို ရကြပါ၏၊၊
၁၀ ကိုယ်တော်ကို သိသောသူတို့အား ကရုဏာတော်ကို၎င်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်းတရားကို၎င်း၊ တည်မြဲတည်စေတော်မူပါ၊၊
၁၁ မာန၏ ခြေသည် အကျွန်ုပ်ကို မနင်းပါ စေနှင့်၊၊ မတရားသောသူ တို့သည် အကျွန်ုပ်ကို နေရာမရွှေ့ကြပါနှင့်၊၊
၁၂ ဒုစရိုက်ကို ပြုသော သူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကို ခံရသောကြောင့် တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ၊၊