Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၁၂
 ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
 ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
 ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
 သဘောဖြောင့်သော  သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
 ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
 အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊
 မကောင်းသောသိတင်းကို မကြောက်ရ၊၊ စိတ်နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည်တတ်၏၊
 သူ၏ စိတ်နှလုံးသည် မြဲမြံသည်ဖြစ်၍ ရန်သူတို့၌ အားမရမှီတိုင်အောင် ကြောက်ခြင်းနှင့် လွတ်လိမ့်မည်၊၊
 သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ၊၊ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏၊၊ သူ၏ဦးချိုသည် ဂုဏ်အသေရေနှင့် ချီးမြ‡င့်ခြင်း ရှိလိမ့်မည်၊၊
၁၀ မတရားသောသူတို့သည်မြင်၍ နာကြင်သောစိတ်ရှိကြလိမ့်မည်၊၊ အံသွား ခဲကြိတ်၍ ပိန်ချုံးကြလိမ်မည်၊၊ မတရားသောသူတို့၏ အလိုသည် ပျက်စီးရလိမ့်မည်၊၊