Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၁၃
 ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော၊၊ ချီးမွမ်းကြလော့၊၊
 ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍ အစဉ်အဆက် မင်္ဂလာရှိစေသတည်း၊၊
 နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏ နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏၊၊
 ထာဝရဘုရားသည် လူမျိုးတကာ တို့အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏၊၊
 ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း
 ကိုယ်ကို နိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း၊၊
 ဆင်းရဲသော သူကို မြေမှုန့် ထဲက ကြွလျက် ငတ်မွတ်သော သူကို နောက်ချေးပုံထဲက မြှောက်လျက် 
 မင်းသားတို့တွင်၎င်း၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင်၎င်း နေရာပေးတော်မူ၏၊၊
 မြုံသော မိန်းမသည် အိမ်၌နေ၍ ဝမ်းမြောက်သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ၏၊၊ ဟာလေလုယ၊၊