ဆာလံကျမ်း အခန်းကြီး ၁၂၃
၁ ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသော ဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် မျှော်ကြည့်ပါ၏။
၂ ကျွန်တို့သည် သခင်လက် ကို၎င်း၊ကျွန်မတို့သည် သခင်မလက်ကို၎င်းမျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့ သည် ကယ်မသနား တော်မူခြင်းကျေးဇူးကို မခံမှီတိုင်အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားကို မျှော်ကြည့်လျှက်နေကြပါ၏။
၃ အိုထာဝရဘုရား၊ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲ ခြင်းကို ခံရပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။
၎ မထီမဲ့မြင်ပြုသော သူတို့၏ကဲ့ရဲ့ခြင်းကို၎င်း၊ မာနကြီးသော သူတို့၏ အရှက်ကွဲခြင်းကို၎င်း၊ အကျွန်ုပ်တို့၏ ဝိညာဉ်သည် အလွန်ခံရပါ၏။