Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၂၂
 ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊၊
 အိုယေရုရှလင်မြို့ သင်၏တံခါးတို့အတွင်း၌ ငါတို့သည် ရပ်၍ နေကြလိမ့်မည်၊၊
 ယေရုရှလင် မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏၊၊
 အမျိုးအနွယ်တို့သည် ထိုမြို့သို့ တက်ကြ၏၊၊ ဣသရေလအမျိုး ထုံးစံရှိ သည်အတိုင်း ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကိုချီးမွမ်းခြင်းငှာတက်သွားကြ၏။
 ထိုမြို့၌တရား စီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည် တည်ကြ၏။
 ယေရုရှလင်မြို့ ငြိမ်ဝပ်မည့် အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
 သင်၏ မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံဗိမ္မာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
 သင်၌ငြိမ်ဝပ်ခြင်း ရှိပါစေသောဟု ငါသည် ညီအစ်ကို အတွက်၊ အဆွေခင်ပွန်း တို့အတွက် ပြောဆိုပါမည်။
 ငါတို့ဘုရားသခင် ထာဝရဘုရား၌အိမ်တော်ကို ထောက်၍၊ သင်၏အကျိုး ကိုရှာပါမည်။