Monday, March 19, 2018

ဆာလံကျမ်း အခန်းကြီး ၁၄၂
 ငါသည်ထာဝရဘုရားထံသို့ အသံကိုလွှင့်၍အော်ဟစ်၏၊၊ ငါ့အသံကို ထာဝရဘုရားထံသို့လွှတ်၍ ဆုတောင်းပဌာနပြု၏၊၊
 ရှေ့တော်၌ မြည်တမ်းသောစကားကို မြွက်၍ခံရသော ဆင်းရဲဒုက္ခများကို ကြားလျှောက်ရ၏၊
 အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော် သိတော်မူ၏၊၊ အကျွန်ုပ်သွား သောလမ်း ၌ကျော့ကွင်းကို ဖွက်ထားကြပါပြီ၊၊
 လကျာ်ဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ အကျွန်ုပ် သိကျွမ်း သောသူ မရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏၊၊ အကျွန်ုပ်အသက်ကို နှမြောသောသူမရှိပါ၊၊
 အိုထာဝရ ဘုရား ကိုယ်တော်ကို အော်ဟစ်ပါ၏၊၊ အသက်ရှင်သောသူတို့၏ နေရာ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ အကျွန်ုပ် ခံစားရာအဘို့ဖြစ် တော်မူ၏၊၊
 အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ကြွေးကြော်သံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို ညှဉ်းဆဲသော သူတို့လက်မှကယ်နှုတ်တော် မူပါ၊၊ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။
 နာမတော်ကို အကျွန်ုပ် ချီးမွမ်းရမည်ကြောင်း အကျွန်ုပ်ကိုထောင်ထဲက နှုတ်ဆောင်တော်မူပါ၊၊ ထိုသို့သောကျေးဇူးပြု တော်မူအခါ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေကြပါလိမ့်မည်၊၊