ဆာလံကျမ်း အခန်းကြီး ၇၀
၁ အောက်မေ့စေခြင်းငှါစပ်ဆိုသောဆာလံ၊၊ အိုဘုရားသခင်၊ အကျွန်ုပ်ကို နှုတ်ယူတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ပြုတော်မူပါ၊၊
၂ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော၊၊ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။
၃ အကျွန်ုပ်ကို အေဟေ့၊အေဟေ့ဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့လှန်ခြင်းကို ခံရပါစေသော။
၎ ကိုယ်တော်ကို ရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုနှစ်သက်သော သူတို့သည် ဘုရားသခင် ဘုန်းကြီးတော်မူစေသတည်း ဟု အစဉ်မပြတ် ပြောကြပါစေသော။
၅ အကျွန်ုပ်မူကား ဆင်းရဲငတ် မွတ်ပါ၏၊၊ အိုဘုရားသခင် အကျွန်ုပ်ရှိရာသို့ အလျင်အမြန်ကြွတော်မူပါ၊၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစသောသူ ကယ်တင်သောသူဖြစ်တော်မူ၏၊၊ အိုထာဝရဘုရား ဆိုင်းလင့်တော်မမူပါနှင့်၊၊