၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား အရှေ့တို့မျက်နှာပြုသော အတွင်းတန်တိုင်းတံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထားရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
၂ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါးတိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာယဇ် မိဿဟာရယဇ်တို့ကို ပူဇော်၍ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွားရမည်။
၃ သို့ရာတွင် ညဦးယံ မရောက်မှီ ထိုတံခါးကိုမပိတ်ရ။ ထိုနည်းတူ ဥပုသ်နေ့နှင့် လဆန်းနေ့တို့၌ ပြည်သူပြည်သားတို့သည် ထိုတံခါးဝအနားမှာ ထာဝရားရှေ့တော်တွင် ဦညွတ်ချရကြမည်။
၎ ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ်ခြောက်ကောင် အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ ရမည်။
၅ ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တစ်ဧဖါ ဆိတဟိန်ကိုင်း သိုးသူငယ် နှင့်အလိုရှိသမျှကိုင်း ပူဇော်ရမည်။
၆ လဆန်းနေ့၌ အပြစ်မပါသော နွားထီးတကောင် သိုးသူငယ် ခြောက်ကောင် သိုးထီးတကောင်ကို ပူဇော်ရမည်။
၇ ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ သိုးတကောင်နှင့် တဧဖါ သိုးသငယ်နှင့်အလို ရှိသမျှကိုင်း မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကိုင်း ပူဇော်ရမည်။
၈ မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့်ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။
၉ ပြည်သူပြည် သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌ ထာဝရဘုရားရှေ့တော်သို့ဝင်သောအခါ ဦးညွတ်ချခြင်းငှါ မြောက်တံခါးဖြင့်ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သောသူသည် မြောက်တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့်မထွက်ရ။ ဝင်သောတံခါး တဘက်တချက်၌ရှိသော တံခါးဖြင့်ထွက်ရမည်။
၁၀ ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ဝင်သောအခါ ဝင်ရမည်။
၁၁ သူတို့ထွက်သောအခါ ထွက်ရမည်။ ပွဲခံ၍ ပရိတ်သတ် စည်းဝေးရာ ကာလ၌ ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုးတကောင် နှင့်တဧဖာ သိုးသငယ်နှင့်အလိုရှိသမျှကိုင်း မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကိုင်း ပူဇော်ရမည်။
၁၂ မင်းသားသည် အလိုလိုပြုသော် မီးရှို့ရာယဇ် မိဿဟရယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုသောအခါ အရှေ့ သို့မျက်နှာပြုသော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌ မီးရှို့ရာယဇ် မိဿဟာရယဇ်ကို ပူဇော်သကဲ့ သို့ပူဇော်ရမည်။ ပူဇော်ပြီးမှထွက်သွား၍ တံခါးကိုပိတ်ထားရမည်။
၁၃ နေ့တိုင်းအစဉ် ထာဝရဘုရားအား မီးရှို့ရာယဇ်ဘို့အပြစ်မပါ အခါမလည်သောသိုးသငယ်တစ်ကောင်ကို နံနက်အချိန်၌ ပူဇော်ရမည်။
၁၄ နံနက်တိုင်းအစဉ် ထိုသိုးသငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စုတစ်စုကိုင်း မုန့်ညက်နှင့် ရောရသော ဆီလေးလောဃကိုင်း ပူဇော်ရမည်။ ဤရွေ့ကား ထာဝရဘုရားအား အစဉ်အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာ တရားပေတည်း။
၁၅ ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်းအစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကိုင်း ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီကိုင်းပြင်ဆင်ရမည်။
၁၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား မင်းသားသည် မိမိသာ၌လက်ဆောင် တစုံတခုကိုပေးလျှင် ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍ သားတော်သည် အမွေခံလျှက် သိမ်းယူရမည်။
၁၇ မိမိကျွန်၌ အမွေဥစ္စာလက်ဆောင် တစုံတခုကိုပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည်ပိုင်ရမည်၊၊ နောက်မှမင်းသားလက်သို့ပြန်ရောက်ရမည်။ သားမူကားအစဉ်အမြဲ အမွေခံရမည်။
၁၈ ထိုမှတပါး မင်းသားသည် ပြည်သားအမွေမြေကို အနိုင်အထက်ယူ၍ မြေရှင်ကိုမနှင့်ထုတ်ရ။ မိမိပိုင်သောမြေထဲက မိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့သည် မိမိတို့ပိုင်သောအမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ကွဲပြားစေခြင်းငှါ မပြုရ။
၁၉ ထိုနောက်မှ တခါးအနား၌ရှိသော ဝင်ဝဖြင့်ငါ့ကိုဆောင်သွား၍ မြောက်သို့မျက်နှာပြုသော ယဇ်ပုရောဟိတ် သန့်ရှင်းသောအခန်းများထဲသို့ သွင်းသဖြင့် အနောက်ဘက်၌ရှိသော အရပ်တခုကိုငါမြင်၏။
၂၀ ဤအရပ်ကား ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက်ဖြေရာယဇ် အပြစ်ဖြေရာယဇ်ကို ပြုတ်၍ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရသောအရပ်ဖြစ်၏။ လူများကို သန့်ရှင်းစေခြင်းငှါ ထိုအရာတို့ကို ပြင်တန်တိုင်း ထဲသို့မထုတ်ကြရ ဟုငါ့အားကြေဆို၏။
၂၁ တဖန် ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တန်တိုင်းထောက်လေးထောက်တို့ကို ရှောက်သွားစေသဖြင့် ထိုလေးထောက်တို့၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင်၏။
၂၂ ထိုတန်တိုင်းငယ်တို့သည် အလျားအတောင်လေးဆယ် အနံအတောင်သုံးဆယ်ရှိ၍ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။
၂၃ ထိုလေးထောက်တို့အတွင်း ပတ်လည်၌ ချက်ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ၏။
၂၄ ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသော အရပ်ဖြစ်ကြ သည်ဟု ငါ့အားပြောဆို၏။