Wednesday, March 14, 2018

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၄၅
၁ သင်တို့သည် မြေကိုအမွေခံခြင်းငှါ စာရေးတံချ၍ ပိုင်းခြားသောအခါ သန့်ရှင်းသော မြေတကွက်ကိုထာဝရ ဘုရားအား   ပူဇော်ရကြမည်၊၊ ထိုအကွက်သည် အလျားကျုလုံးအပြန် နှစ်သောင်းငါးထောင် အနံတသောင်းရှိရမည်။ နယ်နိမိတ် ရှိသမျှသည်လည်း သန့်ရှင်းရမည်။
၂ ထိုမြေကွက် အလယ်၌အလျားအတောင်ငါးရာ အနံလည်း အတောင်ငါးရာ ရှိသောစတုရန်း အကွက်သည် သန့်ရှင်းရာဌာနဘို့ ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသော နယ်လည်း အတောင်ငါးဆယ်ရှိရမည်။
၃ ထိုအလျားနှစ်သောင်းငါးထောင် အနံတသောင်းကို တိုင်းပြီးမှ အလွန်သန့်ရှင်း သောအရပ်နှင့် သန့်ရှင်းသောဌာနတည်နေရာ ဖြစ်ရမည်။
၎ ထိုသန့်ရှင်းသော မြေသည်ထာဝရဘုရား ၏အမှုတော်ကို    ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍ သန့်ရှင်းရာဌာန၏ အမှုစောင့် ယဇ်ပုရောဟိတ်တို့အဘို့ဖြစ်ရမည်။ သူတို့အိမ်ဆောက်စရာနှင့် သန့်ရှင်းရာဌာနတည်စရာအဘို့ သန့်ရှင်းသော မြေဖြစ်ရမည်။
၅ အလျားနှစ်သောင်း ငါးထောင် အနံတသောင်းရှိသောအကွက်သည် အိမ်တော်အမှုစောင့် လေဝိလူတို့နေရာအခန်း နှစ်ဆယ်တည် ဆောက်စရာအဘို့ ဖြစ်ရမည်၊၊
၆ မြို့တော်နှင့်ဆိုင်သော မြေသည်သန့်ရှင်းသော အရပ်တဘက် တချက်၌ အလျား တသောင်းငါးထောင် အနံငါးထောင်ရှိ၍ ဣသရေလအမျိုးသား အပေါင်းတို့အဘို့ဖြစ်ရမည်။
၇ သန့်ရှင်းသော မြေကွက် နှင့်မြို့တော် နယ်နိမိတ်အနောက်ဘက် တရှောက်လုံးတပိုင်း၊ အရှေ့ဘက်အရှောက်လုံးတပိုင်းသည်  မင်းသားတို့အဘို့ ဖြစ်ရမည်။
၈ ငါ၏မင်းသားတို့သည် နောက်တဖန်ငါ၏လူတိုကို မညှဉ်းဆဲမည်အကြောင်း ထိုမြေသည်ဣသရေလပြည်၌ မင်းသာပိုင် သောမြေဖြစ်ရမည်။ ကြွင်းသောမြေကို ဣသရေလအမျိုးအနွယ် အသီးသီးတို့အားပေးရမည်။
၉ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား အိုဣသရေလအမျိုးသားတို့ ရောင့်ရဲသောစိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း လုယူခြင်းအမှုတို့ကို ကိုပယ်ရှား၍ တရားသောအမှု ဟုတ်မှန်သောအမှုတို့ကိုပြုကြလော့။ နောက်တဖန်ငါ၏ လူတို့ကို မညှဉ်းဆဲ မနှိပ်စက်ကြနှင့်ဟု ထာဝရဘုရားက မိန့်တော်မူ၏။
၁၀ မှန်သောချိန်ခွင် မှန်သောဧဖါ မှန်သောဗတ်တို့ကိုသုံး ရကြမည်။
၁၁ ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါးသည် ဟောမဲကိုအမှီပြု၍ ဧဖါသည်တဟောမဲတွင် ဆယ်စုတစ်စု  ဗတ်သည် တဟောမဲတွင် ဆယ်စုတစ်စုရှိမည်။
၁၂ ဂေရာနှစ်ဆယ်သည် တကျပ် အကျပ်ခြောက်ဆယ်ကို တမာနေရှိရမည်။
၁၃ မြှောက်ရာပူဇော်သက္ကာပြုသောအခါ ဂျုံဆန်ဖြစ်စေ မုယောဆန်ဖြစ်စေ တဟောမဲတွင်တသြမဲကို ပူဇော်ရမည်။
၁၄ ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား တကောရတွင် ဗတ်ဆယ်စုတစ်စုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည် ဆယ်ဗတ်ဖြစ်သတည်း။
၁၅ သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စားရာ ရေများသောအရပ်၌ ရှိသောသိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော် သက္ကာနှင့်တကွမီးရှိုရာယဇ် မိဿဟာယဇ်တို့ကကိုပူဇော်ကြရမည် ဟုထာဝရဘုရားမိန့်တော်မူသည်။
၁၆ ထိုသို့မြှောက်ရာ ပူဇော်သက္ကာကို ပြည်ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားတို့အား ဆက်ကြရမည်။
၁၇ မင်းသားသည်လည်း ပွဲသဘင်နေ့ လဆန်းနေ့ ဥပုသ်နေ့ ဣသရေလအမျိုး ပရိတ်သတ်စည်းဝေးသော နေ့ရက်အ စဉ်အတိုင်း မီးရှို့ရာယဇ် ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာ တို့ကိုပူဇော်ရမည်။ ဣသရေလ အမျိုး၏အပြစ်ကိုဖြေခြင်းငှါ အပြစ်ဖြေရာယဇ် ဘောဇဉ်ပူဇော်သက္ကာ မီးရှို့ရာယဇ် မိဿဟာယ ယဇ်ကိုလည်းပူဇော်ရမည်။
၁၈ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ပဌမလတရက်နေ့တွင် အပြစ်မပါ အသက်ပျိုသောနွားထီး တကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။
၁၉ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်အသွေး အချို့ကို ယူ၍အိမ်တော်တိုင်၌င်း ယဇ်ပလ္လင်အောက် ထစ်လေးထောင့်၌င်း၊ အတွင်းတံတိုင်း တံခါးတိုင်၌င်း ထည့်ရမည်။
၂၀ ထိုမှတပါး မှားယွင်းသောသူနှင့် မိုက်သောသူအတွက် ခုနှစ်ရက်နေ့တွင် ထိုနည်းတူပူဇော်၍ အိမ်တော်အတွက် အပြစ်ဖြေရာ မဂ်လာကိုပြုရမည်။
၂၁ ပဌမလ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲကိုခံရမည်။ ခုနှစ်ပတ်လုံး ပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကိုသာ စားရမည်။
၂၂ ထိုနေ့၌ မင်းသားသည် ကိုယ်ဘို့င်း ပြည်သူပြည်သားအပေါင်းတို့ကိုင်း နွားထီးတကောင်ကို အပြစ်ဖြေရာ ယဇ်ပူဇော်ရမည်၊
၂၃ ပွဲနေ့ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ရာယဇ်ဘို့ နွားထီးခုနှစ်ကောင် အပြစ်မပါသော သိုးထီးခုနှစ်ကောင်ကိုင်း အပြစ်ဖြေရာ ယဇ်ဘို့ဆိတ်သငယ် တစ်ကောင်ကိုင်း နေ့တိုင်းပူဇော်ရမည်။
၂၄ နွားဖြစ်စေ သိုးဖြစ်စေ တကောင်တကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ဆီတဟိန်ကို ပြင်ဆင်ရမည်။
၂၅ သတ္တမလ တဆယ်ငါးရက်နေ့တွင် ပွဲခံ၍ယခင်အပြစ် ဖြေရာယဇ် မီးရှို့ရာယဇ် ဘောဇဉ်ပူဇော်သက္ကာ ဆီပူဇော်သက္ကာပြုသည် အတိုင်းခုနှစ်ပတ်လုံး ပြုရမည်။