ဆာလံကျမ်း အခန်းကြီး ၁၄၄
၁ ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိစေတော်မူစေသတည်း၊၊ ငါ့လက်သည် စစ်တိုက်၍ လက်ချောင်းတို့သည်လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏၊၊
၂ ငါ့ကိုသနားသောသူ ငါ့၏မြို့ရိုး ငါ့၏ရဲတိုက် ငါ့ကိုကယ်လွှတ်သောသခင် ငါ့၏အကွယ်အကာဖြစ်တော်မူ၏၊၊ ထိုဘုရားသခင်ကို ငါကိုးစား၏၊၊ ငါ၏လူမျိုး ကို ငါ့အောက်သို့ နှိမ့်ချတော်မူ၏၊၊
၃ အိုထာဝရဘုရား၊ လူသည်အဘယ်သို့သောသူ ဖြစ်၍ ကိုယ်တော်သည်မှတ်တော် မူရသနည်း၊၊ လူသားသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်မှတ်တော်မူရသနည်း၊၊
၎ လူသည်အငွေ့နှင့် တူပါ၏၊၊ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ဖြစ်တတ်၏၊၊
၅ အိုထာဝရဘုရား ကိုယ်တော်၏ မိုဃ်းကောင်းကင်ကို ညွှတ်၍ဆင်းသက်တော်မူပါ၊၊ တောင်တို့ကို တို့တော်မူပါ၊၊ သူတို့သည်မီးခိုး ထွက်ကြပါ လိမ့်မည်။
၆ လျှပ်စစ်ပြက်စေ၍ လေးမြားတော်တို့ကို ပစ်သဖြင့်ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေ၍ နှိမ်စက်တော်မူပါ။
၇ အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုနှုတ်တော်မူပါ၊၊ တခဲနက်သော ရေထဲက၎င်း၊ တကျွန်းတနိုင်ငံ သား တို့၏လက်ထဲက၎င်း ဆယ်ယူကယ်တင်တော်မူပါ၊၊
၈ သူတို့၏ နှုတ်သည် မုသားစကားကိုပြောတတ်၏၊၊ သူတို့၏ လက်ျာလက်သည်လည်း လှည့်စားတတ်သောလက်ဖြစ်၏၊၊
၉ အိုဘုရားသခင်ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုပါမည်၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့်ထောမနာ သီချင်းဆိုပါမည်၊၊
၁၀ အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ၏၊၊ ကိုယ်တော်၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ၏၊၊
၁၁ တကျွန်းတနိုင်ငံသားတို့၏ လက်မှ အကျွန်ုပ်ကိုနှုတ်ယူ၍ ကယ်တင်တော်မူပါ။ သူတို့၏နှုတ်သည် မုသားစကားပြောတတ်ပါ၏၊၊ သူတို့၏လက်ျာလက်သည်လည်း လှည့်စားတတ်သောလက်ဖြစ် ပါ၏။
၁၂ အကျွန်ုပ်တို့၏ သားတို့သည် အရွယ်ပျိုစဉ်တွင် ကြီးပွားသောပျိုးပင်ကဲ့သို့၎င်း သမီးတို့သည်ဘုံဗိမာန် နည်းတူ ထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့၎င်း ဖြစ်ကြပါစေသော၊၊
၁၃ အကျွန်ုပ်တို့၏ဘဏ္ဍာတိုက်တို့သည် အစားအ သောက် အသုံးအဆောင်များနှင့်ပြည့်စုံခြင်း သိုးတို့သည်ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဘွားခြင်း
၁၄ နွားတို့ သည်လည်း ကြီးပွားများပြားခြင်း ရှိပါစေသော၊၊ အနိုင်အထက်ဝင်ခြင်း မရှိ၊၊ သိမ်းသွားခြင်းမရှိ၊၊ လမ်းတို့ ၌ကြွေးကြော် မြည်တမ်းခြင်းမရှိ၊၊
၁၅ ထိုသို့နေသော လူမျိုးသည်မင်္ဂလာရှိ၏၊၊ ထာဝရဘုရားသည် အကြင်လူမျိုးတို့၏ ဘုရားသခင်ဖြစ်၏၊၊ ထိုလူမျိုးသည် မင်္ဂလာရှိပါ၏၊၊