ဆာလံကျမ်း အခန်းကြီး ၃၃
၁ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊
၂ စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊
၃ ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊
၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊
၂၀ ငါတို့၏ ဝိညာဉ်သည် ထာဝရ ဘုရားကို မြော်လင့်လျက်နေ၏၊၊ ထိုဘုရားသည် ငါတို့ကို မစသောသူ ကွယ်ကာသောသူ ဖြစ်တော်မူ၏၊၊
၂၁ သန့်ရှင်း သော နာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။