Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၅၄
 ဒါဝဒ်သည်  ကျွန်တော်တို့တွင် ပုန်းရှောင်၍ နေပါသည် မဟုတ်လောဟု၊ ဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ၊၊ အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊၊ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ၊၊
 အကျွန်ုပ်ပြုသော ပဌနာနှင့် အကျွန်ုပ်မြွက်သောစကားကို နားထောင် နားညောင်းတော်မူပါ ဘုရား၊၊
 အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ ထကြပါပြီ၊၊ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏၊၊ ဘုရားသခင်၏ မျက်နှာတော်ကို မထောက်ကြပါ၊၊
 ကြည့်ရှုလော့၊၊ ဘုရားသခင်သည် ငါ့ကို ကူမတော်မူ၏၊၊ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင့် ထာဝရ ဘုရား ရှိတော်မူ၏၊၊
 ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်၊၊ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ၊၊
 အကျွန်ုပ်သည်လည်း စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရ ဘုရား နာမတော်ကို ချီးမွမ်းပါမည်၊၊ အကြောင်းမူကား ကောင်းမြတ်တော်မူ၏၊၊
 အကျွန်ုပ်ကို ခပ်သိမ်းသောဒုက္ခ ထဲက ကယ်နှုတ်တော်မူသဖြင့် အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့် မြင်၍ အားရပါ၏၊၊