ဆာလံကျမ်း အခန်းကြီး ၄၂
၁ သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား၊၊
၂ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ ၏၊၊ အဘယ်ကာလမှ ဘုရားသခင်ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း။
၃ သူတပါးတို့က သင်၏ ဘုရားသခင် သည် အဘယ်မှာ ရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့် ငါ့မျက်ရည်သည် နေ့ညဥ့်မပြတ် ငါစားစရာ ဖြစ်ရ၏၊၊
၎ ထိုအခြင်းအရာကို ငါအောက့်မေ့၍ နေစဉ်တွင် ငါ့စိတ်နလုံးသည် ကြေကွဲလျက်ရှိ၏၊၊ အကြောင်းမူကား ငါသည်လူ စုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့် အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ၊၊
၅ အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက်နေလော့၊၊ ငါ့ကိုကယ်တင်တော်မူသော အရှင် ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊
၆ အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညိုးငယ်လျက် ရှိပါ၏၊၊ အကြောင်းမူကား ယော်ဒန်မြစ်ကမ်း ဟေရမုန်တောင်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏၊၊
၇ ရေတွေတော်များ အသံဗလံနှင့်တကွ ဝဲသြဃတခုကို တခုဟစ်ခေါ်၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ၊၊
၈ သို့သော်လည်း ထာဝရ ဘုရားသည် နေ့အခါသနားခြင်း ကျေးဇူးတော်ကို ပေးချေတော်မူ၏၊၊ ညဥ့်အခါ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက် ငါ၏အသက်သခင်ကို ပဌာနာပြုလျက် ငါနေ၏၊၊
၉ အကျွန်ုပ်ကို အဘယ့်ကြောင့်မေ့လျော့တော်မူသနည်း။ ရန်သူညှင်းဆဲနှိပ်စက်ခြင်းကို ခံရ၍အကျွန်ုပ်သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျှက် အဘယ် ကြောင့်နေရပါ သနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရားသခင်ကို ငါလျှောက်ရ၏၊၊
၁၀ ငါ့ရန်သူတို့က သင်၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါကိုအစဉ်ပြောဆိုကြသဖြင့် ငါ့အရိုးတို့ကို ချိုး၍ ကဲ့ရဲ့တတ်ကြ၏၊၊
၁၁ အိုငါ့ဝိညာဉ်သင် သည် အဘယ်ကြောင့် ညှိုးငယ်သနည်း၊၊ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း၊၊ ဘုရားသခင်ကို မြော်လင့်လျက် နေလော့၊၊ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သောဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း၊၊