ဆာလံကျမ်း အခန်းကြီး ၄၉
၁ လူများ အပေါင်းတို့ ကြားကြလော့၊၊ ခပ်သိမ်းသောလောကသား
၂ အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသောသူတို့၊ တညီတညွတ်တည်း နားထောင်ကြလော့၊၊
၃ င့ါနှုတ်သည် ပညာကို မြွက်ဆိုမည်၊၊ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်၊၊
၎ ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး၍ ဖွင့်ပြပေအံ့၊၊
၅ ခဲယဉ်းဆိုးယုတ်သော ကာလ၌ ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း၊၊
၆ ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍ ကိုယ်စည်းစိမ်များ သောကြောင့် ဝါကြွားသော်လည်း
၇ မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်၊၊ ရွေးရန် အဘိုးကို ဘုရားသခင်၌ မပေးနိုင်၊၊
၈ သူတို့အသက်ဝိညာဉ်၏ ရွေးရန်အဘိုးကြီးလှပေ၏၊၊ သို့ဖြစ်၍ အစဉ်ရှုံးလျက် နေရမည်၊၊
၉ ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏၊၊ ပုပ်စပ်ခြင်းသို့ မရောက်ရာ၊၊
၁၀ ထင်ရှားသော အရာဟူမူကား ပညာရှိသောသူတို့သည် သေတတ်ကြ၏၊၊ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မိမိတို့ ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏၊၊
၁၁ မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်၊၊ မိမိတို့နေရာလည်း လူမျိုးအစဉ်အဆက် တည်လိမ့်မည်၊၊ မိမိတို့ နာမသည် မြေပေါ်မှာ ကျောစောလိမ့်မည်ဟု သူတို့စိတ်ထင်ရှိကြ၏၊၊
၁၂ သို့ရာတွင် လူသည် ဂုဏ်အသရေ၌ မတည်မနေတတ်၊၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏၊၊
၁၃ ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ ကိုးစားဖြစ်၍ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက်တတ်ကြ၏၊၊
၁၄ ထိုသူတို့ကို သိုးများကဲ့သို့ မရဏနိုင်ငံ၌ ချထား၍ သေမင်းစားလိမ့်မည်၊၊ ကာလမကြာမြင့်မှီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓြွာသည် ဖောက်ပြန်ဘို့ရာဖြစ်၏၊၊ မရဏာနိုင်ငံသည် သူတို့၏ နေရာဖြစ်၏၊၊
၁၅ ငါ့ကိုမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့် ငါ၏ ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ ရွေးတော်မူမည်၊၊
၁၆ သူတပါးသည် ဥစ္စာကြွယ်ဝ၍ အိမ်၏ ဂုဏ်အသရေတိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်၊၊
၁၇ ထိုသူသည် သေသောအခါ အဘယ်ဥစ္စာမျှမပါရ၊၊ သူ၏ ဂုဏ်အရေသည် သူနောက်သို့ မဆင်းသက်ရ၊၊
၁၈ ထိုသူသည် အသက်ရှင် စဉ်အခါ မိမိဝိညာဉ်ကို ကောင်းကြီးပေးတတ်၏၊၊ မိမိအကျိုးကို ပြုစုသောအခါ သူတပါးတို့သည် ချီးမွမ်းတတ်ကြ၏။
၁၉ သို့သော်လည်း သူသည် သူ၏ ဘိုးဘေးအမျိုးရှိရာ သွားရလိမ့်မည်၊၊ ကာလအစဉ်အဆက် သူတို့သည် အလင်းကို မမြင်ရကြ၊၊
၂၀ ဂုဏ်အသေရေနှင့် ပြည့်စုံလျက် ပညာသတိ မရှိသောသူသည်ကား ပျက်စီးခြင်း သို့ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏၊၊