Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၅၂
 ဒါဝိဒ်သည် အဟိမလက်အိမ်သို့ ရောက်ကြောင်းကို ဧဒုံအမျိုးသားဒေါဂသည် ရှောလုထံသို့ လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ၊၊ အားကြီးသော အချင်းလူ၊ သင်သည် သူ့အကျိုးကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွား သနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏၊၊
 သင်၏ လျှာသည် ထက်သော သင်တုန်းကဲ့သို့ လှည့်စား သဖြင့် သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစုတတ်၏၊၊
 သင်သည် သုစရိုက်ထက် ဒုစရိုက်ကို၎င်း၊ ဖြောင့်မတ်သောစကား ထက်မုသာစကားကို၎င်းသာ၍ နှစ်သက်တတ်၏၊၊
 အိုလှည့်စား တတ်သောလျှာ၊ သင်သည်ပျက်စီးသော စကားရှိ သမျှတို့ကို နှစ်သက်တတ်၏၊၊
 အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏ နေရာထဲက နှင်ထုတ်၍ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်၊၊
 ဖြောင့်မတ်သောသူတို့သည်မြင် ၍ ကြောက်ရွံ့ကြလိမ့်မည်၊၊
 ဘုရားသခင်ကို မခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍ မိမိဒုစရိုက်၌ ခိုင်ခံသောသူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်၊၊
 ငါမူကား၊ ဘုရားသခင်၏ အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ ဖြစ်၍ ဘုရားသခင်၏ ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်၊၊
 ကိုယ်တော်စီရင်တော်မူသောကြောင့် အကျွန်ုပ် သည် ကိုယ်တော်ကိုကာလ အစဉ်အမြဲ ချီးမွမ်းပါမည်၊၊ ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော်၏ သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်၊၊