Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၃၀

၁ ဒါဝဒ်သည်အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်၊၊ အကျွန်ုပ်ကို ဆယ်နှုတ်တော်မူ၏၊၊ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ၊၊
၂ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို အော်ဟစ်၍ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏၊၊
၃ အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ၊၊ သချိုင်းတွင်းထဲသို့ မဆင်းစေဘဲ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ၊
၎ ထာဝရဘုရား၏ သန့်ရှင်းသူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့၊၊
၅ အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊
၆ ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏၊၊
၇ အို ထာဝရဘုရား ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏ တောင်သည် ခိုင်ခံ့မြဲမြံပါ၏၊၊ မျက်နှာလွဲတော်မူသောအခါ ဆင်းရဲခြင်းသို့ ရောက်ပါ၏၊၊
၈ အို ထာဝရဘုရား အကျွန်ုပ်သည် အသက်ဆုံး၍၊
၉ င်္သချိုင်းတွင်းထဲသို့ ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း၊၊
၁၀ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်လော၊၊ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို စောင့်မတော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ်၍၊ထာဝရဘုရားကို တောင်းလျှောက်ပါ၏။
၁၁ ထိုအခါ အကျွန်ုပ်ညည်းတွား မြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကို ချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့် စည်းတော် မူ၏။
၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည်တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းပါမည်။