Sunday, April 1, 2018

ဆာလံကျမ်း အခန်းကြီး ၆၅
 အိုဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ချီးမွမ်းရပါ၏၊၊ ကိုယ်တော်အား လည်း သစ္စာဝတ်ကို ဖြေရပါ၏၊၊
 ပဌနာစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်း တို့သည် ချဉ်းကပ်ရကြလိမ့်မည်၊၊
 မတရားသောအမှုသည် အလွန်များ၍ အကျွန်ုပ်သည် မတတ်နိုင်ပါ၊၊  သို့သော် လည်း အကျွန်ုပ်တို့ပြစ်မှားခြင်း အပြစ်များကို  ကိုယ်တော်ဖြေရှင်းတော်မူမည်၊၊
 တန်တိုင်းတော်အတွင်း၌ နေ၍ အထံတော်သို့ ချည်းကပ်စေခြင်းငှါ ကိုယ်တော်ရွေးကောက်တော်မူသော သူသည် မင်္ဂလာရှိပါ၏၊၊ သန့်ရှင်းသော ဗိမာန်တော်တည်း ဟူသော အိမ်တော်၌ ကောင်းသောအရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော၊၊
 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သောအမှု တို့ကို တရားတော်နှင့်အညီ ပြတော်မူ၏၊၊ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့် ပင်လယ်စွန်းတို့၌ နေသော သူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏၊၊
 ကိုယ်တော်သည် တန်ခိုးနှင့် ပြည့်စုံသဖြင့် အားကြီး၍ တောင်များကို တည်စေ တော်မူ၏၊၊
 သမုဒ္ဒရာမြည်သံ၊ လှိုင်းတံပိုးဟုန်းသံ၊ လူတို့ရုန်းရင်း ခတ်သံများကိုလည်း ငြိမ်းစေတော်မူ၏၊၊
 အဝေးဆုံးသော အရပ်တို့၌နေသော သူတို့သည် ကိုယ်တော်၏ နိမိတ်များကိုမြင်၍ ကြောက်ရွံ့ကြပါ၏၊၊ နေထွက်ရာအရပ်နှင့် နေဝင်ရာ အရပ်တို့ကို ရွှင်လန်းစေတော်မူ၏၊၊
 မြေကြီးကို အကြည့်အရှုကြွလာ၍ မိုဃ်းကိုများစွာ ရွာစေလျက်၊ ရေနှင့်ပြည့်သောဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏၊၊ ထိုသို့မြေကိုပြုပြင်ပြီးမှ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ၏၊၊
၁၀ မြေရိုးတို့ကို စိုစွတ်စေ၍ လယ်ပြင်ကိုတညီတည်းစီရင်ပြီးမှ မိုဃ်းရွာသောအားဖြင့် ပြောစေ၍ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏၊၊
၁၁ နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏၊၊
၁၂ သာယာသောတောအရပ်တို့လည်းယို၍ တောင်တို့သည်လည်း ပိတိခါးစည်းနှင့်စည်း လျက် ရှိကြပါ၏၊၊
၁၃ ကျက်စားရာ အရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက် လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက် ရှိ၍ ကျူးဧသောအသံနှင့် သီချင်းဆိုကြပါ၏၊၊