Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၁၀
 ထာဝရဘုရားက သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊၊
 ထာဝရဘုရားသည် အရှင်၏ အာဏာတော်လှံတံကို ဇိအုန်မြို့ မှ လွှတ်တော်မူမည်၊၊ ကိုယ်တော်သည် ရန်သူတို့၏ အလယ်၌ အုပ်စိုးတော်မူလိမ့်မည်၊၊
 တန်ခိုးတော်ပြသော နေ့ရက် ကာလ၌ ကိုယ်တော်၏  လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်၍ ကြည်ညိုသော စိတ်စေတနာရှိ၍ လူပျိုတော် တို့သည် နံနက်ဝမ်းထဲက ထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ်မည်၊၊
 ထာဝရဘုရားက သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူ၊၊
 လက်ျာတော် နားမှာ ရှိသောဘုရားရှင်သည် အမျက်တော်အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်၊၊
 ငါ၏ သခင်သည် တပါးအမျိုးသားတို့တွင် တရားစီရင်လျက်၊ အသေကောင်တို့ကို အနှံအပြား ဖြစ်စေ၍ ကျယ်သောမြေ၌ သူတို့ ဦခေါင်းကို နှိပ်စက်တော်မူမည်၊၊
 လမ်းနားမှာစီးသော ရေကိုသောက်၍ ခေါင်းတော်ကို ချီး မြ‡င့်တော်မူမည်၊၊